14

2.2K 237 29
                                    

ကျောင်းဆင်းချိန်မှာ ဆက်တိုက်နီးပါး မကိုင်မချင်း ခေါ်နေတဲ့ အစ်ကို့ရဲ့ဖုန်းကို ကျနော် ပထမဆုံး အကြိမ်လျစ်လျူရှူလိုက်မိသည်။

"ဟွန်း...မကိုင်ဘူးလား...  "

ကိုယ်အကြိုက်ဆုံးဆိုပြီး Ringtone ထားထားတဲ့ All of Me သီချင်းတောင် အခုချိန်မှာ နားဝင်ချိုမနေခဲ့... ။

"အင်း...power ပိတ်ထားလိုက်တော့... "

မခြောက်တခြောက် ပါးလှပ်လှပ် မျက်ရည်တွေ အခုထိ ပါးပြင်ပေါ်မှာ ကျန်ရစ်နေတုန်းပဲ...။

"ငါ မင်းပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးရမလဲ..."

ဘာလို့များ အစ်ကိုက ကျနော့်သူငယ်ချင်းလေးလောက်တောင် ကျနော့်အပေါ် မသိတတ်ခဲ့ပါလိမ့်...။

"အခုချိန်မှာ ငါ့ရဲ့ပျော်ရွှင်မှူက နတ်ဘုရား လာဖန်ဆင်းပေးတောင် မဖြစ်နိုင်လောက်တော့ဘူး..."

"ဟွန်း...အဲလိုကြီး မင်းစိတ်ကို လှောင်ပိတ်မထားနဲ့လေ"

"မင်းဘာသိလို့လဲ... ငါအရာအားလုံး လက်ခံပေးလို့ရတယ် ဒါပေမဲ့  အဲဒီငါ လက်ခံပေးနိုင်တဲ့ အရာတွေထဲ ငါ့အစ်ကိုဘတ်ဟွန်းမပါဘူး..."

"အဲဒီတော့... မင်းက ဘာဆက်လုပ်ချင်လဲ..."

"မသိတော့ဘူး...ရူးသွားလိုက်ချင်တယ်... ဘာမှ မမှတ်မိတော့အောင်"

ပြောနေရင်း မျက်ရည်တွေက တလိမ့်လိမ့် ...။

ကျနော့် အစ်ကို ဘတ်ဟွန်းက ကျနော့်မိဘတွေကို စကားမပြောခဲ့တော့တာ ကျနော် သုံးနှစ်လောက်တည်းက အခုချိန်အထိ...။ သူ အိမ်မှာ စကားပြောတဲ့သူက ကျနော်တစ်ယောက်တည်းပဲ...။

အရမ်းငယ်သေးလို့ အများကြီး မမှတ်မိတော့ပေမယ့် အစ်ကိုဘတ်ဟွန်းက သူ့ကိုယ်သူ သတ်သေခဲ့ဖူးတယ်...။

အဲဒီမတိုင်ခင်ရက်တွေတုန်းက ကျနော် မူကြိုက ပြန်လာတုန်း ဧည့်ခန်းထဲမှာ အဖေက အစ်ကို့ကို အဝတ်လှန်းတဲ့ ကြိုးနဲ့ရိုက်နေတယ်...။

အဖေကပြောတယ် အဲဒီကောင်ကို မပတ်သက်ဘူးဆိုတဲ့ စကားပြောတဲ့... ။

အမေက ငိုပြီး ကျနော့်ကို ဖက်ထားတယ်... ကျနော် အဲတုန်းက အော်ငိုပြီး အစ်ကို့ကို မကြည့်ရက်လို့ ပြောလိုက်ဖို့ အော်ဟစ်ငိုခဲ့လည်း အစ်ကိုက သတိလစ်လဲကျသွားတဲ့အထိ အသားနာပဲခံခဲ့တာ... အဲဒီစကားကို လုံးဝမပြောခဲ့ဘူး...။ အဲဒီနောက်ရက်မှာ အဖေက အစ်ကို့ကို အခန်းထဲ လှောင်ပိတ်ထားတယ်...။ ဘယ်နှစ်ရက်အထိလည်း ကျနော်မမှတ်မိဘူး...။

ReplayΌπου ζουν οι ιστορίες. Ανακάλυψε τώρα