" ဝုန်း...ခလွမ်း....ဒုန်း...."" အိုဆယ်ဟွန်း...မင်း ဘယ်မှာလဲ..."
နားထဲ ကြားလိုက်ရတဲ့ ရိုက်ခွဲသံများနှင့်အတူ မိမိနာမည်ကို ဒေါသတကြီး အော်ခေါ်လိုက်တဲ့ အစ်ကို့အသံကြောင့် ဆယ်ဟွန်း စာကြည့်ခန်းထဲ အိပ်ငိုက်နေရာမှ အလန့်တကြား နိုးလာရသည်။
ချက်ချင်း အောက်ထပ်ကို ပြေးဆင်းလာလေတော့ လန့်ပြီးအော်မိတော့မလို့...။
ဘုရား...ဘုရား... အောက်ထပ်ကြမ်းပြင်တစ်ခုလုံး ဖန်ကွဲစတွေ အပြည့်...။
မကြာသေးခင်ကမှ အကောင်းပကတိရှိနေခဲ့တဲ့ စားပွဲပေါ်က အလှတင်ကြွေပန်းအိုးတွေ... မီးဖိုခန်းက ပန်းကန်တွေ... ပြီးတော့ ဧည့်ခန်းက TV...
အားလုံးက ရစရာမရှိ အစ်ကို့လက်ချက်နဲ့ ဘဝပြောင်းသွားကြရှာပြီ။
"အစ်ကို..."
ဆယ်ဟွန်း တိုးတိုးလေး ခေါ်လိုက်တော့ အစ်ကိုက ဆယ်ဟွန်းပြေးဆင်းလာတဲ့ လှေကားထစ်ပေါ် မော့ကြည့်ပြီး မျက်နှာတစ်ခုလုံး ခက်ထန်နေသည်...။
ပြီးတော့ မျက်လုံး တစ်ဖက်က ရန်ဖြစ်လာခဲ့တာလား... အထိုးခံလာရတာလားပဲ အညိုမဲတွေစွဲလို့...။
"မင်းရှိနေသေးတာပဲ... "
မထီပြုံးတစ်ခုနဲ့ ဆယ်ဟွန်းဘေးရောက်လာတဲ့ အစ်ကိုက တစ်ကိုယ်လုံး အရက်နံ့တွေကလည်း ထောင်းထောင်းထလို့...။
အစ်ကိုအိမ်ပြန်လာလို့ မျက်ရည်တွေ ဝဲတက်လာတဲ့အထိ အပျော်လွန်နေခဲ့တာတောင် အခု တွေ့လိုက်ရတဲ့ အစ်ကို့ပုံစံကြောင့် အားလုံးက ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သည်။
"အစ်ကို ဘာတွေများ ဖြစ်လာခဲ့တာလဲဟင်...ကျနော့်ကို ပြောပြစမ်းပါ... ရင်တွေပူလို့..."
"သွားစမ်း... အကုန် အလိမ်အညာတွေ... မင်းကများ ရင်တွေပူတယ်တဲ့... ပြောပါဦး ငါ့ကို ယူခဲ့တာ ချစ်လို့ရော ဟုတ်လို့လား... မင်းချစ်တာ ဟိုအကောင်လေ... သူ သဝန်တိုပြီး မင်းဆီရောက်လာဖို့ ငါ့ကို အသုံးချနေပြီးတော့... "
"အစ်ကို ဘာလို့ အမြဲ ကျနော့်ကိုပဲ စွပ်စွဲနေရတာလဲ... ဘယ်လို ရှင်းပြမှ လက်ခံပေးနိုင်မှာလဲ..."
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...