ဘဝမှာ ဘယ်တော့မှ မေ့မရနိုင်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်...
အဲဒီလူရဲ့ ဘဝမှာရော ကျနော်က သူ့အတွက် မေ့မရနိုင်တဲ့ လူတစ်ယောက် ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်း သတ်လိုက်မိတဲ့ အခါတိုင်း ရူးမိုက်လွန်းတဲ့ ကျနော့်ကိုယ်ကျနော် အရွဲ့တိုက် ရယ်မောရင်း ဟားတိုက်ပစ်လိုက်တယ်
မင်းက သူပြောခဲ့သလိုမျိုး သူ့ဘဝရဲ့ အရေးပါဆုံး လူတစ်ယောက်ဆိုတာ ဟုတ်ရော ဟုတ်ခဲ့ရဲ့လားလို့...
သူပြောခဲ့တယ်...
ကျနော်မရှိပဲ အသက်မရှင်နိုင်ပါဘူးတဲ့
နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ ကျနော့်ကို သူနှင့်အဝေးဆုံးမှာ ရှိစေခဲ့တယ်...
ကျနော်မရှိပဲလည်း သူ ကောင်းကောင်း ရှင်သန်နေခဲ့တယ်...
တစ်ခါ အညာမိဖူးတဲ့ နှလုံးသားက ဘယ်လောက် ချစ်ပြပြ မယုံကြည်ရဲတော့တာ ဖြစ်သင့်တယ် မဟုတ်လား...
❤❤❤❤❤❤❤❤❤❤❤❤❤
"ယောလ်...နိုးပြီလား..."
အိပ်ခန်းထဲက ထွက်လာတော့ မနက်စာချက်ပြုတ် ပြင်ဆင်နေရာက ဟေမီ က လှမ်းမေးလာသည်။
"ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား..."
ကျနော်ကတော့ အိပ်မက်ဆိုးတွေကြောင့် အထပ်ထပ်လန့်နိုးပြီး တော်တော်နဲ့ ပြန်အိပ်မရခဲ့ဘူး
ကျနော့် အမေးကို သူမက ပြုံးပြခေါင်းညိတ်လိုက်ရင်း
"ဒါနဲ့ ယောလ်... ရေမြန်မြန်ချိုးပြီး မနက်စာ လာစားနော်... ယောလ်မေမေဖုန်းဆက်တယ်... မတွေ့ရတာကြာနေလို့ အိမ်လာပါဦးတဲ့... ခဏနေ သွားရအောင်..."
"အင်း ... "
စိတ်မပါစွာ အင်း တစ်လုံးသာဖြေရင်း ရေချိုးခန်းဆီ ထွက်လာလိုက်သည်။
ကျနော့်ရဲ့အဖေနှင့်အမေက တခြားသူတွေထက် ဟေမီကိုတော့ ပိုသဘောကျကြသည်။
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...