အပိုင်း(၄)*

2.4K 143 10
                                    

Pull upward for unicode🌷

မျက်လုံးအစုံကို ဖွင့်လိုက်စဉ် ဝင်ရောက်လာသော စူးရှသည့် အလင်းတန်းတို့ ကြောင့် ထက်မြင့်မြတ်ရှိန် မျက်နှာအား လက်ဝါးဖြင့်ကာကာ ခန မှိန်းနေလိုက်၏ ။

မနေ့ ညက ညနက်မှအိပ်မိ၍ အိပ်ယာထ နောက်ကျခြင်း ၊

ဖုန်းကိုယူကာ ကြည့်လိုက်တော့ ရဲရဲတောက်နေသော အဝင်ကော များစွာ ၊ လူရှုပ် ဟူသော contactကြောင့် ခွန်းသွေးဆက်နောင် ဖြစ်ကြောင်း သိလိုက်သည် ။

မျက်နှာသစ်ရန် အခန်းဆီမှထွက် တော့ မွှေးပျံ့ နေသော အစားအစာအနံ့ တို့ က မိမိအားဆွဲဆောင်နေသလို ၊

အနံ့ ရရာဆီသို့  အာရုံခံကာ လိုက်မိတော့ ဧည့် ခန်းက စားပွဲတွင် တင်ထားသောသရေကျချင့်စဖွယ် စားစရာများ ၊

စားစရာဆီသို့ သွားမည့်ခြေလှမ်းများသည် အစားအသောက်များရှေ့ တွင် ထိုင်နေသော လူကြောင့် ရပ်တန့် သွား၏ ။

"ဘာလာလုပ်ပြန်တာလဲ နောင်"

"ကိုယ်နဲ့ တွဲနေတဲ့ သူဆီကို ကိစ္စရှိမှ လာရမှာလား"

ကျစ့့် ဟုတ်သာ့း့ ၊ထိုလူနှင့်တွဲရန်ပြောခဲ့ သည်ကို မိမိမေ့ နေလိုက်တာ့ ၊ တစ်ပတ်ပဲ ရှိန် တစ်ပတ်ပဲ ၊သည်းခံ သည်းခံ ၊
ဒီတစ်ပတ်ပြီးတာနဲ့  အဲဒီလူပါးစပ်က ရှိန်မှရှိန် ဖြစ်နေရမယ် ။

ထက်မြင့်မြတ်ရှိန် မိမိကိုယ်ကို သတိပေးရင်း အပြုံးလှလှတို့ ကိုဖန်တီးကာ့ 

"နောင် ခနစောင့်လေ နော်၊ကျွန်တော်ရေချိုးဦးမယ်"

"ကိုယ်ချိုးပေးရမလား"

"အာ့ နောင်နော်"

ရှက်သွေးဖြာကာ ရဲသွားသောမျက်နှာပိုင်ရှင်ထိုကောင်လေးသည် မိမိအား မနေ့ ညက စတင်နမ်းခဲ့ သောကောင်လေးပင်ဟုတ်ပါ လေစ့ ၊

ထိုမျက်နှာလေ့း့ ထိုရှက်သွားဟန်လေးကြောင့် ခုန်နေသော ဘယ်ဘက်ရင်အုံအား လက်ဖြင့်အုပ်ကာ ခွန်းသွေးဆက်နောင် ပြုံးမိသည် ။

~~ပြုစားနိုင်လွန်းပါတယ် ရှိန်~~

ပိုင်စိုးပိုင်နင်းပြောလာသော ထိုလူ့ ကြောင့်ထွက်လာသော ဒေါသတို့ ကိုမြိုသိပ်ကာ အမူအယာပို၍ ရေချိုးကန်ဆီလှည့်ထွက်ခဲ့ သော်လည်း မိမိမျက်နှာသည် ရှက်၍နီသည်မဟုတ်မှန်း မိမိ အသိဆုံးသာ့ ၊

❇တစိမ့်စိမ့့် စူး❇(Z+U)♥CompletedWhere stories live. Discover now