အပိုင်း(၁၂)

4.4K 156 42
                                    

ရုန်းထွက်လို့တောင်မနိုင်တော့တဲ့ ဒီနွံအိုင်က အဆိပ်တော့ပြင်းသား....

မြတ်နိုးတဲ့အရာတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ ဓားနဲ့ထောက်ခြိမ်းခြောက်နေရတာမျိုး...

တင်းခံပြီး ယုတ်မာပြနေရတဲ့ ဘဝကိုလဲ မုန်းနေပါပြီ....

တစ်စုံတစ်ယောက်ရဲ့အသိဉာဏ်ထဲမှာတော့ ကိုယ်ကလူယုတ်မာ

ဘာတွေလဲ....ရပ်တန့်ရလဲ ခက် ရှေ့ဆက်ဖို့လဲ အားမရှိ....

ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲလို့ဆိုရအောင်ကလဲအ ဖြစ်အပျက်တွေက ကိုယ်ကိုယ်တိုင်ဖန်တီးမိနေတာ...

ပျောက်ကွယ်ပေးချင်ပေမယ့် မင်းအနားမှာပဲနေချင်သေးတယ်

ရပ်တန့်လိုက်ချင်ပေမယ့် မင်းကိုပိုင်ဆိုင်ချင်သေးတယ်

မင်းကိုမနာကျင်စေချင်ပေမယ့်  ....

ကိုယ်  မစွန့်လွတ်နိုင်ပြန်ဘူး

လမ်းပျောက်တဲ့ စွန်တွေလို အတွေးတွေလွင့်ချင်ရာလွင့်နေမိရင်း နေမင်းကြီး နှုတ်ဆက်သွားတာတောင် ခွန်းသွေးဆက်နောင်သတိမထားမိချေ ....

လှိုင်းပုတ်သံတဝုန်းဝုန်းနှင့်ပင်လယ်ဟာ ကိုယ့်ကိုလှောင်ရယ်နေရဲ့  ....

~~Don't stay away for too long ...don't go to back..~~

ဖုန်းခေါ်သံကြောင့် ဖုန်းကိုကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခု...

~~ဟယ်လို~~

"ကိုခွန်းသွေးဆက်နောင်လား"

"ဟုတ်ပါတယ်...."

"ထက် မြင့် မြတ် ရှိန်..."

"ရှိန်....ရှိန်ဘာဖြစ်လို့လဲ မင်းကဘယ်သူလဲ"

"ဟုတ်သား မိတ်ဆက်ပေးဖို့မေ့နေတာ ကျုပ်က ခင်ဗျားဆီကို သတင်းဆိုးသယ်လာသူပေါ့...ခင်ဗျားရဲ့ရှိန် အေးအေးချမ်းချမ်း အိပ်စက်နေပါတယ်"

"ဟေ့ကောင် မင်းဘယ်သူလဲ  ရှိန်ကိုမထိနဲ့"

"မထိပါဘူး ခင်ဗျားသာ လိမ်မာရင်ပေါ့"

"ဘာလိုချင်လို့ လဲ ဟမ်"

"အများကြီးမဟုတ်ပါဘူး သိန်းတစ်ထောင်လောက်ပဲ"

You've reached the end of published parts.

⏰ Last updated: Jul 18, 2020 ⏰

Add this story to your Library to get notified about new parts!

❇တစိမ့်စိမ့့် စူး❇(Z+U)♥CompletedWhere stories live. Discover now