အပိုင်း(၁၀)

1.8K 102 8
                                    

"အခန်းနံပါတ် (၈) "

နာ့စ်လေး၏ ပြောစကားကိုအဆုံးထိနားမထောင်နိုင် အခန်းရှိရာသို့ကမူးရှူးထိုးပြေးသွားသော ရှိန်
ကြောင့် နောင် မျက်နှာပျက်လျှက်.....

အ ဖြူရောင် ကုတင်ပေါ်
တွင် မှေးမှိတ်နေသော ဖြူစင်သည့်ကလေးငယ်သည် အောက်စီဂျင်ပိုက်မှ လေကို သာ ရှူရှိုက်နေရရှာသည် ။

မိမိကြောင့်သာမဟုတ်ခဲ့ပါလျှင် ဒီကလေး ဒီလိုဖြစ်မည်မဟုတ် ...

ရှိန်တစ်ယောက်မိမိကိုယ်မိမိသာ အပြစ်တင်မိတော့သည်....

"မင်းမှာ တောက်ပတဲ့အနာဂတ်ရှိတယ်လေ နှိုင်းရယ် ....တောက်ပတဲ့ကြယ်လေးဆိုလဲမှန်တယ်....သူတစ်ပါးပျော်ဖို့ ၊ သူတစ်ပါး ဆုတောင်းပြည့်ဖို့ ကြွေကျမယ့်ကြယ်ဟာ မင်းမ ဖြစ်ရဘူး....မင်းဘာသာမင်းကောင်းကင်မှာ ထွန်းလင်းနေတဲ့ဓူဝံကြယ်လေး ဖြစ်နေပေးပါ.."

တသိမ့်သိမ့်ရှိုက်ကာ နှိုင်းမကြားနိုင်သော စကားတွေ ပြောနေမိသည်။

ကြားမိလို့မြန်မြန် နိုးထလာပါစေသာ ဆုတောင်းမိ၏ ။

မဖွင့်ဖြစ်သောတံခါးချပ်နောက်တွင် အရှုံးသမားဟု မမည်သော အရှုံးသမား နောင်...

ဖြူဖျော့ဖျော့ ကိုယ်လေးဟာ တစ်သိမ့်သိမ့်ရှို
က်ရင်း ကိုယ်မဟုတ်တဲ့တစ်ပါးသူအတွက် ခံစားနေရတာ မြင်ရတဲ့အခါ အသိရခက်တဲ့ နာကျင်မှုမျိုး....

ကိုယ့်အတွက်မဟုတ်တဲ့ စကားလုံးတွေက သိပ်ကိုနားခါးလွန်းတယ်....

ရင်ဘတ်ထဲက တစ်ခုခုကိုဆွဲထုတ်သွားသလိုမျိုး....

တစ်ကိုယ်လုံးက အားအင်တွေ ချိနဲ့သွားသလိုမျိုး....

အမျိုးအစားတွေ ဘယ်လောက်ခွဲခွဲ သေချာတာကတော့ ငါနာကျင်နေရတာပါပဲ ရှိန်....

လက်တွေ့ဆန်လွန်းတဲ့မင်းက ကြယ်တွေကိုချစ်တတ်တာလား ....

အတ္တကြီးတယ်ပဲပြောပြော ...

ရောင့်ရဲလွယ်တယ်ပဲဆိုဆို ...

ကိုယ်က မင်းလက်နဲ့ကိုယ်တိုင်ခေါက်ထားတဲ့
မင်းနဲ့အနီးဆုံးက စက္ကူကြယ်လေးပဲ ဖြစ်ချင်ခဲ့တာပါ...

❇တစိမ့်စိမ့့် စူး❇(Z+U)♥CompletedWhere stories live. Discover now