အပိုင်း(၆)*

2.3K 150 14
                                    

Pull upward for unicode🌷

နှိုင်းပါရမီ စာလုပ်နေသော်လည်း စိတ်မပါ၍ ဘယ်ဘက်လက်၌ တပ်ထားသော နာရီကိုကြည့် တော့ အချိန်ကား ည၁၂နာရီ ၁၅ မိနစ်ကိုညွှန်ပြလျက့့် 

လူကစာကြည့် စားပွဲမှာ ရှိနေသော်လည်း စိတ်ကတော့ တစ်ဦးဆိုင်နာမ် အကို့ ဆီရောက်နေကြောင်း မိမိကိုယ်မိမိသည်သာ အသိဆုံ့း့ 

ညနေက အကို့  အမေထံမေးတော့လည်း ပြန်မရောက်သေးဟုသာဖြေသည် ၊ စိတ်ပူဟန်တော့မတွေ့ 

မိမိမှာသာ အကို့ ခြေသံအားနားစွင့်ရင်း ယခုအချိန်ထိ မအိပ်ဖြစ်ခြင်းပင့့် 

"အာ့ မေ့ နေလိုက်တာ ၊ ဖုန်း ရှိတာပဲ ဖုန်းဆက်လို့ ရတာပဲ ငါ့နှယ်နော့့် တုံးလိုက်တာ"

အချစ်နှင့်တွေ့ လျှင် ငတုံးဘဝသို့ ရောက်သူများစာရင်းတွင် မိမိသည် ထိပ်ဆုံးပင်ဖြစ်ပေလိမ့် မည့့် 

တက်ကြွသောစိတ်များသည် လူကြီးမင်းဟူသော မိန်းမ၏ အသံကိုကြား သောအခါ ရေထိသောမီးကဲ့ သို့  ငြိမ်လျှက့့် 

မအေးချမ်းနိုင်သည်က မိမိစိတ့့် 

"ကလေးမဟုတ်တော့မှန်းသိပေမယ့် စိတ်ပူရတယ် အကိုရယ့့် ၊ ကျွန်တော့်ချစ်ခြင်းကြောင့် အကို ဘေးဥပါဒ် ကင်းပါစေ "

ဆုတောင်းရုံမှ တပါး အခြားမတတ်နိုင်တဲ့ အခြေနေတွေကို ကျွန်တော်သိပ်မုန်းတယ် အကို့ 

~~~~~~

ရေပန်းကြီးသည် ရောင်စုံမီးများဖြင့် လှချင်တိုင်းလှပလျှက့့် 

သစ်ပင်ကြီးများမှတိုက်ခတ်လာသော သဘာဝလေအေး နှင့် ရေပန်းဆီမှ လွှင့်စင်လာသော ရေမွှားလေးများ ကြောင့် ထက်မြငြ့်မတ်ရှိန် အေးစိမ့် မှုအရသာကို ခန္ဓာကိုယ်၏ အရေပြားခံစားမှုမှတဆင့် သိရှိသော်လည်း အတွင်းစိတ်၏ ပူလောင်မှုကြောင့် အပြည့်အဝ မခံစားနိုင်ပေ ၊

မိမိသိပ်မုန်းရပါသော ထိုလူ၏ ကလိမ်ကျခြင်းထောင်ချောက်မှာ မလူးသာ မလွန့် သာ့ 

မိမိရောက်နေတာက သူ့ ပိုင်နက့့် 

မိမိ မိခင်သည်လည်းစိတ်ပူတတ်သည့် အမျိုးအစားတွင်မပါ၍ လိုက်ရှာမည်မဟုတ့့် 

❇တစိမ့်စိမ့့် စူး❇(Z+U)♥CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ