"ကျန့်ကျန့်....!!"
အသံကြားရုံနဲ့ကျိုးချန်ဆိုတာရှောင်းကျန့်သိလိုက်ပြီ။
ကျောင်းထဲမဝင်သေးဘဲအသံလာရာကိုလှမ်းကြည့်တော့ကိုယ်တော်က ကားပေါ်ကအပြေးအလွှားဆင်းလာသည်မှာခလုတ်တိုက်ပြီးလဲကျမတတ်ပင်။"ဖြည်းဖြည်းလာလဲရပါတယ် ကျိုးချန်ရာ
ဘာလဲ...ငါ့ကိုအရမ်းလွမ်းနေတာလား"မျက်ခုံးလေးတွေပင့်ပြပြီး သူ့မူပိုင်အပြုံးလှလှလေးတွေနဲ့မေးတော့ကျိုးချန်ကလဲရှောင်းကျန့်ပုခုံးကိုလှမ်းဖက်ကာ
"အေးပေါ့ကွ ငါ့သူငယ်ချင်းတစ်ယောက်ထဲရှိတာ
ခွဲရတော့လွမ်းတာပေါ့
ပြီးတော့ ရော့...."ကျိုးချန်ကသူ့လွယ်အိတ်ထဲကနာရီဗူးလေးထုတ်ပေးသည်။
"ပန်းချီပြိုင်ပွဲမှာဒုတိယရတဲ့အတွက်ဂုဏ်ယူပါတယ်"
"ဟီး...ကျေးဇူးပဲကွာ
ဝမ်ရိပေါ်ဆီကလဲလက်ဆောင်တောင်းရမယ်""ငါ...အဲ့ဒါပြောမလို့ကွ"
ကျိုးချန်ရဲ့စကားကို ရှောင်းကျန့်နာရီအဝတ်မပျက်ပင်ခေါင်းညိမ့်ထောက်ခံလိုက်၏။
"ဝမ်ရိပေါ်ကဒီမှာမနေတော့ဘူး"
"ဘာလဲ ကျောင်းပြောင်းတာလား
ဒီမှာဘာအဆင်မပြေစရာရှိတာကြလို့
ရတယ်လေ...ငါကသူပြောင်းသွားတဲ့ကျောင်းထိလိုက်တောင်းမယ်"ဝမ်ရိပေါ်ဆီကလက်ဆောင်ရရေးအတွက်တက်ကြွနေသောရှောင်းကျန့်ကိုကျိုးချန်ဘယ်လိုနားချပြောရမှန်းမသိတော့ပေ။
ရှောင်းကျန့်ကပျော်ပျော်နေတတ်တာမှန်ပေမယ့်ရှောင်းမျိုးရိုးရဲ့သခင်လေးပီပီရှိသင့်တဲ့မာနတော့ရှိသည်။
သူ့ကိုမခင်တွယ်တဲ့လူမျိုးကိုအတင်းကာရောပေါင်းသင်းဆက်ဆံခြင်းမပြုတတ်ပေ။
သို့ပေမယ့်ဝမ်ရိပေါ်ကတော့ချွင်းချက်။ဝမ်ရိပေါ်ကသူ့ကိုသူငယ်ချင်းမလုပ်ပေမယ့်သူကတော့တစ်ဖတ်သတ်...ဇွတ်အတင်းခင်တွယ်နေသည်။
အင်း...ဝမ်ရိပေါ်ကလည်းရှောင်းကျန့်ကိုသူငယ်ချင်းအဖြစ်မပေါင်းသင်းတာမှန်သော်လဲဂရုမစိုက်တာမျိုးတော့မဟုတ်။ရှောင်းကျန့်သူ့ကိုစ,တဲ့အခါ သည်းမခံနိုင်တော့ရင်ထ,ထအော်တတ်သည်။
ဆူငေါက်တတ်သည်။
YOU ARE READING
HEARTBEAT (COMPLETED)
FanfictionWang Yi Bo & Xiao Zhan fan fiction fictionကိုfictionလိုသာမြင်ပေးကြစေရန်။