HEARTBEAT 15

25.4K 2.5K 103
                                    

"ဘာ!!!"

ပေရှင်း,ဖန်ရှင်း,ကောချန်နဲ့စန့်ကျင်တို့လေးယောက်စီကအာမေဋိတ်သံပြိုင်တူထွက်လာသော်လဲ
ကျိုးချန်ကတော့မိန့်မိန့်ကြီးသာထိုင်ပြုံးနေသည်။
သူကတော့သိပြီးသားဆိုသည့်ပုံစံ....

"ဟုတ်တယ်!
ငါနဲ့ရိပေါ်ကရည်းစားတွေဖြစ်သွားပြီ"

လုံးဝမယုံနိုင်ဘူး။
ဝမ်ရိပေါ်ကကျောက်တုံးလူသား
သူ့မှာရည်းစားရှိတယ်ဆိုရင်တောင်ယုံချင်စရာမကောင်းတဲ့ကိစ္စကို
အခုတော့သူ့ရည်းစားကယောက်ျားလေးတဲ့လား
ပိုဆိုးတာကဟိုစပ်စပ်,ဒီစပ်စပ် နည်းနည်းလေးမှအငြိမ်မနေတဲ့ရှောင်းကျန့်...?

ရှောင်းကျန့်စကားကိုခဏတာအံ့သြသွားကြပေမယ့်ချက်ချင်းပြုံးစိစိပြန်ဖြစ်လာတဲ့လေးကောင်ကို ရှောင်းကျန့်နားမလည်သလိုကြည့်သည်။

"ရှောင်းကျန့်တော့စာမေးပွဲနီးတော့ကြောင်သွားပြီထင်တယ်"

အော်...သူတို့ကနောက်နေတယ်ထင်နေကြသကိုး။

"ဝမ်ရိပေါ်ဘယ်ထွက်သွားလဲ?
သူပြန်လာရင်မင်းတို့ကိုသက်သေပြမယ်"

မဲ့ကာရွဲ့ကာနှင့်မျက်နှာချီပြောလိုက်တဲ့ရှောင်းကျန့်စကားကို ကျိုးချန်ကလည်းလက်ပိုက်ပြီးခေါင်းတငြိမ့်ငြိမ့်နှင့်ထောက်ခံသည်။

"ရှောင်းကျန့်!!"

အတန်းပေါက်ကခေါ်သံကြောင့်ခြောက်ယောက်လုံးလှည့်ကြည့်မိတော့
ကော်ဖီရောင်ဆံပင်နဲ့အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်
ဖြူလွန်းသောအသားအရည်ကသူဝတ်ထားတဲ့အင်္ကျီအဝါရောင်နဲ့လိုက်ဖက်ညီ၏။

ကျိုးချန့်ကတော့သူ့ကိုမြင်သည်နှင့်မျက်စောင်းထိုးသည်....
ရန်သူတော်မဟုတ်ပေမယ့်သူဒီကောင်လေးနဲ့အပေါက်အလမ်းမတည့်ဘူး။
ကော်ဖီဆိုင်မှာကတည်းကအမြင်မကြည်တာ...

"ယွီပင်း!ဘယ်လိုရောက်လာတာလဲ"

စကားတပြောပြောနှင့်ရှောင်းကျန့်ကတော့အခန်းပေါက်ကိုသွားနှင့်ပြီ...။

"ဝမ်ရိပေါ်ရော?"

"သန့်စင်ခန်းသွားတယ်ထင်တယ်!
မင်းကကျောင်းဖွင့်တယ်မဟုတ်ဘူးလား"

HEARTBEAT (COMPLETED)Where stories live. Discover now