"ဝမ်ချင်းယမ်ရေ...ကျောင်းသွားမယ်"
ကျောင်းယူနီဖောင်းအပြာလေးနဲ့
လုံးတုံးတုံးခန္ဓာကိုယ်လေးကလှေကားပေါ်ကအပြေးဆင်းလာရင်း
တံခါးဝကစောင့်နေတဲ့ရိပေါ်ကိုတွေ့တော့နှာခေါင်းရှုံ့သွားတယ်။ပါပါးဖြစ်သူရဲ့အမူအယာတွေအတုခိုးထားတဲ့ချင်းယမ်လေး။
"အဲ့ရုပ်ကဘာဖြစ်တာလဲ!"
ကားပေါ်ကိုခပ်တည်တည်မျက်နှာထားနဲ့ဝင်ထိုင်တဲ့သားကို
ရိပေါ်ခပ်မာမာအသံနဲ့မေးလိုက်တယ်။"ပါပါးကဘာလို့မပို့တာလဲ!"
ချင်းယမ်လည်းဆောင့်အောင့်ပြီးပြန်မေးတယ်။
လိုက်လဲလိုက်တဲ့သားအဖနှစ်ယောက်!"ဟ!မင်းအဖေငါလိုက်ပို့နေပြီပဲ
ဘာလို့ပါပါးပဲတ,နေရတာလဲ!!""ပါပါးကအရမ်းချောတော့
ကျောင်းရှေ့ကိုကားရပ်တာနဲ့အားလုံးကဝိုင်းကြည့်ကြတာဗျ!
ဒီနေ့တော့ မကြည့်လောက်တော့ဘူးထင်ပါတယ်"လေးပင်တဲ့အသံနဲ့ငြီးငြူပြနေတဲ့သားဖြစ်သူကြောင့် ရိပေါ်မှာရယ်ရခက်ငိုရခက်။
လက်စသတ်တော့ ချင်းယမ်ကAttentionလိုချင်နေတာ!"ဒါဆိုမင်းက
ပါပါးနဲ့ဖေဖေနဲ့ယှဉ်ရင်ပါပါးကပိုချောတယ်လို့ပြောလိုက်တာပေါ့!"ချင်းယမ်ဇက်လေးပုသွားပြီး
လျှာထုတ်ပြတယ်!
ပါပါးနားအကပ်များတော့ချစ်ဖို့ကောင်းအောင်လုပ်ပြတဲ့နေရာမှာပြိုင်ဘက်ကင်းဖြစ်နေပြီ။"အဟဲ...အဲ့လိုဖြစ်သွားလား!!"
ထိုအခါရိပေါ်သူ့ကိုမျက်လုံးပြူးပြလိုက်တယ်။
လှန့်လိုက်တာဆိုပေမယ့်ချင်းယမ်လေးကမကြောက်တဲ့အပြင်တခစ်ခစ်နဲ့ကိုသဘောကျနေတာ။ကျောင်းကိုရောက်တော့ရှောင်ကျန့်လုပ်ပေးနေကြအတိုင်း
ရိပေါ်လည်းချင်းယမ်ရဲ့ကျောပိုးအိတ်လေးသယ်ပေးပြီးကျောင်းပေါက်ထိလိုက်ပို့တယ်။ချင်းယမ်မှန်းထားတာနဲ့လွဲသွားတယ်။
ဖေဖေလိုက်ပို့တော့လည်း ပါပါးကဲ့သို့ပဲ
အားလုံးကချင်းယမ်တို့သားအဖကိုဝိုင်းကြည့်နေကြတာ။
ဖေဖေပေါ်ကတော့မိန့်မိန့်ကြီးပြုံးလို့...။
YOU ARE READING
HEARTBEAT (COMPLETED)
FanfictionWang Yi Bo & Xiao Zhan fan fiction fictionကိုfictionလိုသာမြင်ပေးကြစေရန်။