e i g h t - w o r d s

699 60 2
                                    

နံနက်ခင်း ဆရာမ တစ်ယောက်ရဲ့ နိုးသံတွေကြောင့် အဆောင်တစ်ခုလုံး လှုပ်လှုပ် ယှက်ယှက် ဖြစ်ပြီး နှိုး လာကြတယ်

Jisoo တစ်ယောက် သူနှိုးတဲ့ အချိန်မှာ သိလိုက်ရတာက Jennie သူ့ခုတင်ဘေးမှာ မရှိတော့တာပဲ ..
မနေ့ညက သူကြည့်လိုက်မယ်ဆိုတာ ဒါကိုပြောတာ ထင်တယ်... ဆရာမတွေ မနိုးခင် ထပြီး သူ့ခုတင်သူ  သွားအိပ်လိုက်တာ နေမှာပေါ့  ...Alarm  လည်း မရှိပဲ ထတာ အံဩစရာကောင်းသားပဲ 

Jisoo မထခင် တွေးနေမိတယ် .... Jennie ကတော့ အိပ်ရာက ထပြီး သူ့ခြင်ထောင်တွေသိမ်းနေတယ်
Jisoo လည်း သူနဲ့အတူ ခြင်ထောင်လိုက် သိမ်းလိုက်တာပေါ့ ပြီးတော့ နှစ်ယောက် အတူတူ ရေချိုးခန်းထဲ သွားပြီး မျက်နှာသစ်တယ်.. ပြီးတော့ အဆောင်ကနေ ကျောင်းကို အတူတူ လမ်းလျှောက်သွား ကြတာပေါ့

ဒီဇင်ဘာလကြီးဆိုတော့ အရမ်းအေးတဲ့အပြင် မနက် ၅နာရီ ခွဲထပြီးကျောင်းသွားရတဲ့ ခံစားချက်က အရမ်းကို ဆိုးတယ် ဘယ်လောက်ထူတဲ့ အင်္ကျီတွေပဲ  ဝတ်ဝတ် အေးနေတာကိုပဲ ခံစားနေရတာမျိုး...

ဒါမယ့် Jennie အတွက်တော့ ဘယ်လောက်ပဲအေး နေနေ သူ့ကောင်မလေး အနားမှာရှိရင် နွေးထွေး
နေတတ်တယ် ....Sweater အထူရယ် အင်္ကျီလက် ရှည်ရယ် uniformရယ် ကို ဝတ်ထားပေမယ့်
Jisoo ရဲ့ လက်လေးတွေက အရမ်းကို အေးစိမ့်နေတယ် Sweater ရဲ့ ကော်လံထဲကို ခေါင်းလေး ကျုံ့ဝင်နေတဲ့Jisooကို တွေ့လိုက်တော့
လက်ကလေးကို ကိုင်ထားပေးလိုက်တယ်...

"မင်းရဲ့လက်ကလေးတွေက နွေးလိုက်တာ"

Jisoo ပြောလိုက်တော့ အငွေ့လေးတွေ ထွက်လာပြီး Jennie ရဲ့ မျက်နှာကို ရိုက်ခတ်သွားတာပေါ့ ...

မျက်လုံးလေးတွေ ခနမှိတ်လိုက်ပြီး ပြုံးပြတယ်...

"မင်းနဲ့ အတူတူရှိနေတာပဲ ..နွေးမှာပေါ့.."

အပြုံးလေးတွေ ကိုယ်စီနဲ့ ကျောင်းထဲက စာသင်ခန်းထဲ ဝင်သွားကြတာပေါ့ ....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"အထက်တန်း ဒုတိယနှစ်ကျောင်းသူတွေ အတွက် အရမ်း အရေးကြီးတဲ့ နောက်ဆုံးစာမေးပွဲ က နီးလာပြီနော်...တစ်နှစ်လုံးကြိုးစားခဲ့တာတွေ ဒီစာမေးပွဲ ကပဲ ဆုံးဖြတ်ပေးမှာမို့လို့ သေချာ လုပ်ကြတော့နော်..."""

My first and last [completed]Where stories live. Discover now