ninteen- my first and last

680 52 2
                                    

"Jen..Jennie ya~ miyahae~ ...."

Jaewon ပြေးသွားပြီး Jisoo ရဲ့ ပါးစပ်ကို ပိတ်လိုက်တယ်...

အဲ့အချိန်မှာပဲ ဘေးနားက လူက ခြေရာခံမိပြီ ဆိုတဲ့ အချက်ပြလိုက်တယ်..

Jen's omma : အင်း.. မအားဘူး ဆိုလည်း ချလိုက်တော့မယ်

Jaewon : nae,...

ရုတ်တရက် Jen ရဲ့ အမေ အရမ်း စိတ်မကောင်း ဖြစ်သွားတယ် စောနက Jisoo.. Jaewon နဲ့ အတူတူ ရှိနေတာ သူသိလိုက်ပြီး Jisoo ရဲ့ ညည်းသံ ကို ပါ ကြားလိုက်တယ်လေ.. Jennie တို့ကို ခွဲမိတာ အပြစ်ရှိသလို ခံစားလာရတယ်..

Jen's omma :Jennie ကို အခု ချက်ချင်း အသိပေး ပြီးတော့.. နင်တို့တွေ.. ဘယ်လောက်ပဲ ကုန်ကုန် Jisoo ကို မရရအောင် လိုက်ရှာကြ!! ငါ့ သမီးအတွက် တကယ် လက်တွဲပေးရမယ့်သူကို ဘာမှ မဖြစ်စေနဲ့!!

Jennie ကို သူ့အမေက msg ပို့လိုက်ပြီး လူ လွှတ်ပေးမယ်လို့ ပြောပေမယ့် လူများရင် Jisoo ထိခိုက်မှာ စိုးလို့ ဆိုပြီး မလွှတ်ခိုင်းဘူး...
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧

ည ၁၀နာရီ လည်း ခွဲပြီ.... Jisoo ရှိနေတဲ့ နေရာက မြို့ စွန်နားမှာမို့ တော်တော် နဲ့ မရောက်နိုင်.... Jennie လက်တွေ တုန်ပြီး မမောင်းနိုင်တော့ လို့ Lisa မောင်းပေးရတယ်.. Jennie ကို Rosé က နောက်ခန်း ထဲမှာခေါ် ထားပြီး နှစ်သိမ့်ပေးနေတယ်..

ဟုတ်တာပေါ့လေ.. ဒီလောက် ရင်နစ်အောင် ချစ်ရတဲ့ လူတစ်ယောက်ကို ဆုံးရှုံးရတော့မလိုဖြစ်နေတဲ့ အချိန်မှာ အတွေးတွေကြောင့် စိတ်တွေ အရမ်း ယိမ်းယိုင်နေတယ်..

"သူနင့်ကို လိုအပ်နေတယ်.. နင် စိတ်ခိုင်မှ ဖြစ်မယ်" Rosé ရဲ့ စကားလေးတွေ ကြောင့် ပိုပြီး စိတ်စုစည်း လို့ ရနိုင်လာတယ်..

Jaewon တစ်ယောက် စိတ်လွှတ်နေပြီ... Jennie ကို လိုချင်စိတ်နဲ့ Jisoo ကို မနာလိုတဲ့ စိတ်တွေက ပူလောင်နေပြီး သူ့ကို ပြစ်မှု တစ်ခု ကျူးလွန်အောင် တွန်းအားပေးနေတယ် Jisoo ကို ကြည့်လေကြည့်လေ ဘီလူး စီး သလို စိတ်တွေ ဖောက်လာတယ် နောက်ဆုံးတော့ Jisoo ကို သူ စီစဉ်ထားတဲ့ အတိုင်းလုပ်ဖို့ ကားပေါ်ကို တင်လိုက်တော့တယ် ...

Jennie တို့လည်း အရောက်.. Jaewon လည်း Jisoo ကို ကားပေါ် အတင်ဖြစ်နေတယ် Jisoo ရဲ့ ကိုယ်လုံးလေးကို ကားပေါ်ကနေ မြင်လိုက်ရတော့ သူတို့ကား ရပ်ရပ် ချင်း Jennie ကားပေါ်ကနေ ပြေးဆင်းသွားတယ် သူ့လမ်းမှာ ဝင်တားတဲ့ လူတွေကို မရရအောင် ကျော်လာပြီး Jaewon ရဲ့ ကားတံခါးကို ဖွင့် လိုက်တော့ ဒဏ်ရာတွေနဲ့ သူ့ကို ကြည့်နေတဲ့ Jisoo ကို တွေ့လိုက်တယ် .. သူ့လက်ကို ဆွဲပြီး ကားပေါ်က နေ ခေါ်မယ်လည်း လုပ်ရော အနောက်က လူတစ်ယောက်က သူကော်လံကို ဆွဲပြီး ဘေးကို တွန်းလိုက်တယ်

My first and last [completed]Where stories live. Discover now