sixteen - i still love you

522 45 6
                                    

Jen : Jisoo ရယ် မငိုပါနဲ့တော့နော်...

Jisoo ခေါင်းလေးကို ရင်ခွင်ထဲမှာ ထည့်ထား လိုက်တယ် Jenရောက်လာတဲ့ အချိန်က ညရောက်တောင် ရောက်နေပြီ ခနနေတော့ ကြယ်လေးတွေကို ကြည့်ရင်း Jisoo လည်း အငို တိတ် သွားတော့တယ်

•••••••••••••••••••••••••••••••••••••••••••••••••••••••••
ညမှာ သူတို့ နှစ်ယောက် အတူတူ အိပ်တော့ Jennie Jisoo ကိုရင်ခွင်ထဲထည့်ထားရင်း

JN : မနေ့ဖြန် Jisoo ပြန်တော့မှာနော်..

JS : omm

Jisoo အသံမှာ ဝမ်းနည်းသံ ပါနေတယ်ဆိုတာ Jennie သိလိုက်တယ် ..Jennie Jisoo ကို ငုံကြည့်လိုက်ပြီး..

JN : ငိုနေတာလား Jisoo ?

JS : jen.. jennie ya~ Jen ရဲ့Omma က လုံးဝ သဘောမတူရင် ဘယ်လို လုပ်မလဲ? .. Jisoo Jennie နဲ့ ခွဲရမှာ ကြောက်တယ် .. Jennie နဲ့ ခွဲရရင် Jisoo ရူးသွားလိမ့်မယ် Jennie ya...

Jisoo ရဲ့ အသံက ပိုပို တိမ်ဝင်သွားပြီး မျက်ရည် စက်တွေ ကျလာတယ် Jennie အတွက်တော့ Jisoo ငိုနေတာ မြင်ရတာ သူ့အတွက် အနာကျင်ဆုံး အရာ တစ်ခုပဲ .. သူ့ကောင်မလေး အားကိုရာမဲ့ သလို ဖြစ်နေပြီး ခွဲရမယ့် အခြေအနေ ကြောင့် ငိုနေတာကို သူ မကြည့်ရက်ဘူး...

JN : Jisoo ya~ မငိုပါနဲ့.. Jennie က သေချာပေါက် အတူတူ နေရအောင် လုပ်မှာ.. အဲ့တာကြောင့်
မငိုနဲ့တော့နော် လက်တွဲ မဖြုတ်ဖို့ပဲ အရေးကြီးတာပါ

Jisoo လက်ကလေးကို ကိုင်ထားလိုက်ပြီး ပါးလေး ကို နမ်းလိုက်တယ်

JS : အင်း Jennie... အရမ်း ချစ်တယ်

JN : ဒီကလည်း အရမ်း ချစ်ပါတယ်နော်

××××××××××××××××××××××××××××××××××××

မနက်စာစာပြီးတော့ Jisoo ပြန်တော့တယ်..

JN : Jisoo ya~ တစ်ယောက်တည်း ပြန်ချင်တာ သေချာလို့လား?

JS : imm , Jennie ya~ Appa က ကားလက်မှတ် တောင် ဝယ်ပေးထားတာပဲ အဲ့တာနဲ့ တင် လုံလောက်ပါပြီ..

မိသားစုဝင်တွေ အကုန်လုံး နှုတ်ဆက်ကြတယ် Jennie ရဲ့ omma တော့မပါ အပေါ်ထပ်မှာ နေမကောင်းဘူး ပြောပြီး အိပ်နေလေရဲ့... Appa က သိနေပေမယ့်လည်း Jisoo ကို ကောင်းကောင်း နှုတ်ဆက် နေတယ်.. Jennie ရဲ့ အစ်မက သိနေတော့ မျက်နှာ မကောင်း.. Jen ရဲ့ မောင်လေးကတော့ Jisoo ကို မပြန် စေချင်ဘူး...

My first and last [completed]Where stories live. Discover now