Part 5

6.8K 607 11
                                    


Part 5

" လန်ကျန့်!! "

ဝေ့ရင်းပလွေမှုတ်တာကိုရပ်ပြီး လွှတ်ထွက်လာတဲ့ လန်ကျန့် မြေပြင်ပေါ်မကျအောင် အချိန်မှီထိန်းလိုက်သည်။

" လန်သခင်လေး! "

လန်ကျန်ကျောကဒဏ်ရာက မပျောက်သေးသဖြင့် သွေးတွေပြန်ထွက်နေသည်။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး မေ့လဲသွားတဲ့ လန်ကျန့်ကို ပွေ့ပြီး အိပ်ရာပေါ်မှာ ဖြေးညင်းစွာ ချလိုက်သည်။

" ဝမ်ချင် ကြည့်ပေးအုန်း "

ဝမ်ချင်လန်သခင်လေးကို ဆေးကုနေတုန်း ဝေ့ဝူရှန်က ဝမ်ချင်လက်ကိုကိုင်ကာ

" ဘာလို့ ခြေထောက်က ပြန်ကောင်းရတာလဲ "

" ဝေ့ဝူရှန် နင်မဟုတ်မှလွဲရော..."

" နင်ထင်တာမှန်တယ် "

" လန်ဂိုဏ်းက လန်ကျန့်ကိုလာရှာမှာပဲ "

" ဒီနေရာကို ဘယ်သူမှမသိဘူး သိသွားရင်လည်း
ငါချက်ခြင်း တခြားနေရာရွေ့မယ် "

" နင်က စိတ်သဘောထားကောင်းတဲ့ကောင်လေးပါ အခုဘယ်လိုဖြစ်တာလဲ "

" သဘောကောင်းနေရင် လန်ကျန့်ကို ချုပ်ထားလို့မရဘူး သဘောကောင်းနေရင် လန်ကျန့်ငါနားမှာ နေမှာ မဟုတ်ဘူး "

" လန်ကျန့်စိတ်ကိုရောထည့်မတွက်ဘူးလား နင်ကအမြဲတမ်း သူများစိတ်ကို ထည့်တွက်နေကျလေ"

" အခုထည့်မတွက်ဘူး  "

ဝမ်ချင် ခေါင်းမာပြီးခက်ထန်နေတဲ့ ဝေရင်းကို ဘာမှမပြောတော့ပဲ အပြင်ထွက်လာခဲ့လိုက်သည်။

"လန်ကျန့် "

ဝေရင်း အိပ်ရာစွန်းမှာထိုင်ပြီး လန်ကျန့်လက်ကို
ကိုင်ထားလိုက်သည်။

" လန်ကျန့် ငါ့ခဏတော့ မင်းရဲ့ပီချန်ကို သိမ်းထားမှဖြစ်မယ် ပြီးတော့ ငါ့နားကနေ ဘာလို့ထွက်သွားချင်တာလဲ အစကတည်းက ငါ့ကိုမင်းသူငယ်ချင်းလို့မသတ်မှတ်ခဲ့ဘူးလား  "

" ကိုကိုရှန့်! "

" အားယွမ်! "

    သူခြေထောက်နားလာကိုင်ပြီး ကျွန်တော့်ကိုမော့ကြည့်နေတဲ့ ကလေးလေး တစ်ခါတလေ အားယွမ်က ကျွန်တော်အပြုအမှုကြောင့်
ကျွန်တော့်ကိုလန့်ပေမဲ့  ကျွန်တော့်နားကိုပဲ
ပြန်လာကပ်သည် ကျွန်တော့်နားမလာပဲ
သူမနေတက်ဘူး။

အတ္တလွန်ချစ်ခြင်း💗Where stories live. Discover now