Part 11

6.1K 641 31
                                    

Part 11

   အဆောင်ကနေမထွက် ထမင်းသွားပို့လည်း သိပ်မစားတဲ့ ညီတော်ဆီကို လန်ရှီးချန်လာလိုက်သည်။

"ဝမ့်ကျီး "

" အစ်ကိုတော် "

"လှဲနေရာကနေ ထဖို့ခက်တာကြောင့်
လန်ရှီးချန် ကူထူပေးလိုက်သည် "

" နေမကောင်းဘူးလား ဝမ့်ကျီး "

" ကျွန်တော့်ဘာမှမဖြစ်ဘူး "

  လန်ရှီးချန် လန်ကျန့်လက်ကောက်ဝတ်ကို စမ်းလိုက်သည်။

" အားနည်းနေတယ် ဘာဖြစ်တာလဲ ဝမ့်ကျီး အအေးဂူထဲမှာ နေတုန်းကတောင် ဒီလောက်အားမနည်းခဲ့ဘူး "

" ကျွန်တော့်ဆီကို ဝေ့ရင်းလာတယ် "

" ဘယ်တုန်းကလဲ "

လန်ကျန့်အေးစက်တဲ့မျက်နှာနဲ့ သူအစ်ကို့ကိုကြည့်ပြီး

"ကျွန်တော့် စိတ်ထင်နေတာ "

ဝမ်ကျီးပြန်လှဲအိပ်သွားသည် ဒီပုံစံကိုငယ်ငယ်တုန်းကတစ်ခါ အခုတစ်ခါထပ်တွေ့ရပြီ လန်ရှီးချန်သူညီတော်ကို ဒီလိုပုံစံနဲ့ထပ်မတွေ့ချင်ဘူး

" ဟန်ကွမ်းကျွင်း "

လန်ယွဲ့ခေါ်သံကြောင့်သူမျက်စီဖွင့်ကြည့်လိုက်သည်

" စစ်ကျွေး "

" ကျွန်တော့် သီးစုံစွပ်ပြုတ်လုပ်လာတယ် နည်းနည်းလောက်စားကြည့်ပါ ဟန်ကွမ်းကျွင်း "

လန်ကျန့်ခေါင်းရမ်းပြီး မျက်စီပြန်မှိတ်လိုက်သည်

" ဟန်ကွမ်းကျွင်းဘာစားချင်လဲ
ကျွန်တော့်လုပ်ပေးမယ် "

   ကျင်းရီကဆိုလိုက်သည် ဟန်ကွမ်းကျွင်းဘာမှမပြောပဲ မျက်စီပဲ မှိတ်ထားသည်

" ငါ့စောင့်လိုက်မယ်ကျင်းရီ သွားနားတော့ "

" ငါလဲစောင့်မယ် "

" သွားနားတော့ပါဆို "

စစ်ကျွေး ဟန်ကွမ်းကျွင်းနားမှာစောင့်ရင်း ငိုက်နေမိသည်

" စစ်ကျွေး "

" ဟန်ကွမ်းကျွင်း နိုးပြီလား "

" အပြင်ထွက်ပြီး လမ်းလျှောက်ရအောင် "

စစ်ကျွေးနဲ့ ဟန်ကွမ်းကျွင်း ယုန်လေးတွေနားလာပြီး ယုန်လေးတွေကို ထွေးပွေ့ထားလိုက်သည်

" ဟန်ကွမ်းကျွင် ယုန်လေးတွေကချစ်စရာလေး "

လန်ယွမ့်ယုန်လေးတွေကိုထိတွေ့ပြီး ပျော်ရွှင်နေသည်

" အင်းသူပိုင်ရှင်အတိုင်းပဲ "

" သူပိုင်ရှင်ကဘယ်သူလဲ ကူးစူးကယုန်လေးတွေက ဟန်ကွမ်ကျွင်းကိုပဲ အရမ်းချစ်တာ သူပိုင်ရှင်က ဟန်ကွမ်းကျွင်းပဲ မဟုတ်ဘူးလား "

" မဟုတ်ဘူး ပိုင်ရှင်ရှီတယ် "

   ယုန်လေးတွေကိုကြည့်ပြီး လန်ကျန့်အဆောင်ပြန်ဝင်လာလိုက်သည် ဘာမှစားချင်စိတ်မရှီတာနဲ့ ဝေ့ရင်းအတွက်ဖွတ်ထားခဲ့တဲ့ ဧကရာဇ်ပြုံးဝင့် တစ်ခွက်ကို ငဲ့သောက်လိုက်တာနဲ့ မူးလာသည် ချက်ခြင်းပဲ အိပ်ရာပေါ်တက်အိပ်လိုက်သည်။

"ဧကရာဇ်ပြုံးဝင့် "

ဝေ့ရင်း လန်ကျန့်အဆောင်ကို ခိုးဝင်လာပြီး စားပွဲပေါ်က အရက်ကိုတွေ့တာနဲ့ ပျော်ပြီး ယူသောက်လိုက်သည်။

" ဟင် လန်ကျန့်အဆောင်ထဲမှာ ဘယ်လိုလုပ်အရက်ရှီနေရတာလဲ စည်းကမ်းကြီးတဲ့ လန်သခင်လေးက "

ဝေ့ရင်း လန်ကျန့်ကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ လန်သခင်လေးကို တွေ့ရသည်

" လန်ကျန့်! "

လန်ကျန့်နားသွားပြီး လန်ကျန့်ပါးကိုထိပြီး နှိုးလိုက်သည် သတိရှီတဲ့ လန်ကျန့်က နှိုးရခက်နေသည်။

" လန်ကျန့် ဧကန္တမင်း! "

လန်ကျန့်အရက်မူးနေတာပဲ ဘာလို့လဲ

(" ငါ့မင်းကြောင့် စည်းကမ်းအကြိမ်ကြိမ်ဖောက်မိတယ် " )

လန်ကျန့်ဂူထဲမှာပြောသွားတဲ့ စကားကို သတိရမိသည်

" ဝေ့ရင်း! "

သူကိုခေါ်ပြီး သူလက်ကိုဆွဲကိုင်လိုက်တဲ့ လန်ကျန့်ကြောင့် ဝေ့ရင်းအံအားသင့်စွာ
ကြည့်နေမိသည်

💗💗💗💗💗💗💗💗

အတ္တလွန်ချစ်ခြင်း💗Where stories live. Discover now