Part 10

6.1K 635 17
                                    

Part 10

" ဟန်ကွမ်းကျွင်း "

လန်ယွမ့်ကငယ်ငယ်လေးနဲ့ရိုသေမှုတရားကိုင်းရှိုင်းသည် ကျွန်တော့်ကို ဂရုဝပြုပြီး ရှေ့တွင်ကျုံကျုံလေးဝင်ထိုင်နေသည်။

" လန်စစ်ကျွေး မင်းရဲ့လောကဝတ်အမည်က
လန်စစ်ကျွေး "

" လန်စစ်ကျွေး! ကျေးဇူးတင်ပါတယ်
ဟန်ကွမ်းကျွင်း "

" လန်ယွမ့် ကူးစူးလန်ရဲ့စည်းကမ်းတွေကို အလိုက်နာဆုံးပဲလို့ကြားတယ် မင်းတော်တယ်"

စကားအများကြီးမပြောဖူးတဲ့ ဟန်ကွမ်းကျွင်းရဲ့ချီးမွမ်းစကားကြောင့် စစ်ကျွေးပြုံးလိုက်သည်။

"ဗျပ်စောင်းတီးတာသင်ပေးမယ် "

" အခုလား "

" အင်း "

လန်ယွမ့်ပျော်သွားသည် ဟန်ကွမ်းကျွင်းထံခံစားပြီး ပညာသင်ချင်ခဲ့တာ အခုတော့အရမ်းပျော်တယ်

လန်ယွမ့်ကိုစောင်းတီပြီး အိပ်ချိန်ရောက်လို့ ကုတင်ပေါ်မှာ လှဲအိပ်နေစဉ် သူလက်ကိုလာကိုင်တဲ့ အထိအတွေ့ကြောင့် သူမျက်စီဖွင့်ပြီး ပီချန်ကို
ထုတ်လိုက်သည်

" ဘယ်သူလဲ "

ကူးစူးလန်ဂိုဏ်းထဲ ဘယ်တစိမ်းတစ်ယောက်မှ မဝင်ဖူးပါ

"ဝေ့ရင်း..ဝေ့ရင်းလား "

သူအပြင်ထွက်ပြီး လိုက်ရှာပေမဲ့ လူရိပ်တောင် မတွေ့ရတော့ဘူး လန်ကျန့်ပြန်လှဲပေမဲ့ အိပ်လို့မပျော်တော့ဘူး အိပ်မပျော်တာကြောင့် စောင်းတီးလိုက်သည်

" လန်ကျန့် "

ဝေ့ရင်းအဝေးကနေ လန်ကျန့်ကိုကြည့်နေလိုက်သည် လန်ကျန့်ကိုတွေ့လို့သူပျော်နေပေမဲ့ လန်ကျန့်နားကို ကပ်လို့မရဘူး အရင်လိုလန်ကျန့်ကို သူဘေးနားမှာဖမ်းထားလို့ရရင် ကောင်းမှာပဲ

♥♥♥

" သခင်လေး "

ဝမ်နင်ပေးတဲ့ မက်မွန်သီးကိုယူလိုက်သည်

"သခင်လေးစားလေ "

" စားချင်စိတ်မရှီဘူး "

" ညက သခင်လေး တိမ်လွှာနန်းမြိုင်ကိုသွားတယ် "

" အင်း "

" ဘာလို့သွားပြန်တာလဲ "

" ဘာလို့လဲ ငါ့မသွားရဘူးလား "

"မဟုတ်ပါဘူးသခင်လေး... လန်သခင်လေးကို ခဏခဏသွားကြည့်ပေမဲ့ မတွေ့ခဲ့ရဘူး မဟုတ်လား "

" ညကစောင်းတီးသံကိုမကြားရဘူးလား "

" လန်သခင်လေးတီးတာလား "

" ဟုတ်သားပဲ မင်းက ငါနောက်ခိုးလိုက်ပြီးအပြင်မှာ စောင့်နေတာ ဘယ်တွေ့မလဲ "

" လန်သခင်လေးကို တွေ့ရပြီလား
ဝမ်းသာပါတယ် သခင်လေး "

"ဝမ်းသာရမှာလား လန်ကျန့်က ငါကိုအပေါင်းအသင်းလုပ်ချင်မှာ မဟုတ်ဘူး "

" မဟုတ်လောက်ပါဘူး လန်သခင်လေးက
သခင်လေးဝေ့ကိုခင်ပါတယ် "

ဝေ့ရင်းဘာမှမပြောတော့ပဲအရက်သောက်နေလိုက်သည်။ သောက်ရင်းနဲ့ ကုန်သွားတဲ့အရက်ကြောင့် နှုတ်ခမ်းဆူပြီး လွှတ်ပစ်လိုက်သည်။

" အရက်ကုန်ပြီ "

" သခင်လေးအတွက် ကျွန်တော့်သွားဝယ်ပေးချင်ပေမဲ့ ပိုက်ဆံကုန်ပြီ "

" မုန်လာဥနဲ့ ချယ်ရီပန်းရောင်းရတဲ့ ငွေကုန်ပြီပေါ့ "

" ဒီနေ့ဈေးမရောင်းရဘူး "

ဝေ့ရင်းသက်ပြင်းချကာ
ကျောက်ဆောင်ပေါ်လှဲလိုက်သည်။

" လန်ကျန့်..."

သူအရမ်းအထီးကျန်သည် သူဘက်မှာဘယ်သူမှမရှီဘူး သူတစ်ယောက်တည်း ဒီနှစ်တွေမှာ လန်ကျန့်ကိုအရမ်းလွမ်းခဲ့တယ် လန်ကျန့်ကတော့ သူကိုမကောင်းဆိုးဝါးထင်ပြီ ရှောင်နေခဲ့တယ် သူလန်ကျန့်ကိုလုံးဝ လက်မလွှတ်ဘူး အခွင့်ရေးရတာနဲ့ သူဘေးနားမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထပ်ခေါ်ထားမယ်

💗💗💗💗💗💗💗

အတ္တလွန်ချစ်ခြင်း💗Onde histórias criam vida. Descubra agora