Part 14 (ဇတ်သိမ်းပိုင်း)
"ချယ်ရီပန်း "
အရမ်းလှပတဲ့ ချယ်ရီတောကိုတွေ့ပြီး လန်ကျန့် မှင်တက်စွာကြည့်မိသည်။ တစ်ပင်နှစ်ပင်တောင် စိုက်ရခက်တဲ့ ဒီမြေမှာ ချယ်ရီတောကို တွေ့နေရသည်။
မယုံကြည့်နိုင်စွာ
မျက်စီကိုပွတ်ကြည့်ပြီး ချယ်ရီတောထဲ လမ်းလျှောက်လာခဲ့လိုက်သည်။" လန်ကျန့်! ..လန်ကျန့် "
ဝေ့ရင်း ကျောက်ဆောင်ပေါ်မှာ လန်ကျန့်ကို မတွေ့တာနဲ့ အရူးတစ်ပိုင်းဖြစ်ပြီး လိုက်ရှာမိသည်။
" သခင်လေး "
ဝမ်နင်ဟင်းချက်ရင်းသူသခင်အသံကြားတာနဲ့ ရောက်လာသည်
" မင်းဘာလုပ်နေတာလဲ "
" လန်သခင်လေးစားဖို့ မုန်လာဥဟင်းချက်နေတာပါ "
" မတွေ့တော့ဘူး..မရှီတော့ဘူး "
ကျွန်တော်အော်ပြောလိုက်တော့
ဝမ်နင်ပါလန့်သွားကာ" ကျွန်တော်မြန်မြန်ရှာပေးပါမယ် "
ကျွန်တော့် နဲ့ဝမ်နင် လန်ကျန့်ကို နေရာအနှံလိုက်ရှာပေမဲ့ မတွေ့တော့ဘူး ကျွန်တော့်ရင်ထဲမှာ
အတိုင်းမဆပူလောင်နေပြီး လန်ကျန့်အတွက် အလွမ်းပြေစိုက်ထားတဲ့ ချယ်ရီတောထဲမှာ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။" ဝေ့ရင်း "
ဟခေါ်သံကြောင့် လှည့်ကြည့်ပေမဲ့ လန်ကျန့်ကို
မတွေ့ရပေ။" ငါ့ လန်ကျန့်အသံကြားယောင်ပြီး ရူးနေမိပြန်ပြီ "
" ဝေ့ရင်း "
ခေါ်သံကြောင့် နေရာအနှံလိုက်ရှာကြည့်လိုက်တော့ သစ်ပင်ပေါ်မှာ ထိုင်နေတဲ့ လန်ကျန့်ကို အထူးဆန်းဆုံး မြင်ကွင်းတစ်ခုကို တွေ့နေရသလို တွေ့မြင်လိုက်ရသည်။
" လန်ကျန့်...မင်း "
ဝေ့ရင်းအပင်ပေါ်တက်ကာ လန်ကျန့်ဘေးနားမှာ ထိုင်လိုက်သည်။
" စည်းကမ်းအရမ်းကြီးတဲ့ လန်သခင်လေး ဒါဘယ်လိုဖြစ်တာလဲ "
" ဝေ့ရင်း မင်းလိုပဲနေတော့မယ် "
YOU ARE READING
အတ္တလွန်ချစ်ခြင်း💗
Fanfictionဇတ်လမ်းနဲ့မတူပဲ Authorရဲ့စိတ်ကူးယဉ်အတွေးနဲ့ရေးသားထားခြင်းဖြစ်သည်။