5.7K 427 17
Zawgyi
~~~~~~~
အပိုင်း 12
လန်ဂိုဏ်သားတွေနဲ့ အခြားသော ဂိုဏ်သားတွေမှာ အသီးသီးတောင်ပေါ်ကို ရောက်လာကျပြီး မီးဗုံလွတ်ဖို့ပြင်ဆင်ကျလေသည်။
နှစ်ယောက်တစ်တွဲနေတဲ့ သူလဲ နေ အဖွဲ့လိုက်နေတဲ့ သူလဲ နေဖြင့် နေလေသည်။
" လန်ကျန့် ဒီမှာကြည့် "
ဝေ့ရင် မီးဗုံပေါ်မှာ ပုံမှန်ပန်းချီ ယုန်လေးကို ဆွဲကာ လန်ကျန့်ကို ပြလိုက်လေသည်။
လန်ကျန့် ရဲ့ အကြည့်တွေက ပန်းချီကပင် မခွာတဲ့အပြင် မမြင်ဖူးသော အပြုံးသေးသေးလေးက ချိတ်ဆွဲလာလေသည်။
" ဟဲဟဲ မင်းကြိုက်တယ် မဟုတ်လား "
လန်ကျန့်က ဘာမှမပြောပဲ ဝေ့ရင်ကို တစ်ချက်တာကြည့်ပြီး ကိုယ်ပန်းချီကို ကိုယ်ပြန်ဆွဲနေလေသည်။
လန်ကျန့် နဲ့ ဝေ့ရင် ပန်းချီ ဆွဲပြီးတာနဲ့ မီးညို့ကာ မီးဗုံလွတ်ရန်ပြင်လိုက်လေသည်။
တစ်ယောက် တစ်လုံးစီ အတူတူ ပြိုင်လွတ်လိုက်ကျပြီးနောက် ဆုတောင်း ကျလေသည်။
" ကျနော်သည် အမှန်တရားဘက်က အမြဲရပ်တည်ပါမည်။ ကျနော် ချစ်သော သူများကိုလဲ အသက်ထက်ဆုံး ကာကွယ်ပါမည်။ "
ဝေ့ရင် ရဲ့ ဆုတောင်းသံသည် မကျယ်သလို မတိုးပေ ဘေးက လန်ကျန့်တော့ ကြားသွားသည်မှာ အမှန်ပင်...
မျက်လုံးမှိတ်ကာ ဆုတောင်းနေတဲ့ ဝေ့ရင် ရဲ့ မျက်နှာ ချောချောလေးက တွေ့ဖူးသမျှ လူတွေ နဲ့ ပင်မတူသည်ကို လန်ကျန့် သတိထားမိသည်။
ကလေးလေးလို ချစ်ဖို့ကောင်းပြီး ယုန်သွားလေးနှစ်ချောင်းက ရီလိုက်တိုင်း ပေါ်ထွက်လာတယ်။ နှုတ်ခမ်းထောင့်လေးနားက ပြုံးလိုက်တိုင် ကော့တက်သွားတာမို့ တစ်မျိုးချစ်ဖို့ကောင်းနေပြန်သည်။
ရှည်လျှားတဲ့ မျက်တောင်လေးတွေ မျက်ခွံမိုးမိုးလေးတွေ မှိတ်ထားတာတောင် မျက်လုံးလေးက ဂနာမငြိမ်ပင်..
အရမ်းကို လှပလွန်သော ဝေ့ဝူရှန့် ဆိုတဲ့ လူသားက နတ်သားလေးများ ဝင်စားထားသလားပင် ဆိုရပေမည်။ အပြစ်ပြောစရာမရှိ လှပနေသည်။