5.4K 461 76
Zawgyi
~~~~~~~
အပိုင်း 28
အနီရောင်မင်္ဂလာဝတ်ရုံလေးကို ဝတ်ဆင်းကာ မျက်နှာကို အဝတ်အနီရောင်လေးနဲ့ ဖုံးအုပ်ပြီး ဖခင်ရဲ့ လက်ကို ကိုင်ကာ လှေကားထစ်များစီမှ တဖြေးဖြေးတက်လာသော သတိုးသမီး ကျန်းယန်လီ....
သတိုးသားသည် ခမ်းမ၏ အလယ်တွင်ရှိနေပြီးတာဖြစ်ကာ သတိုးသား၏ အရှေ့တွင် အမွှေးတိုင်များထွန်ကာ ပူဇော်ပသသော ပွဲများဖြင့် ရှိလေသည်။....
ဝေ့ရင် နဲ့ ကျန်းချန် မင်္ဂလာဝတ်ရုံ နဲ့ မမ ကိုကြည့်ပြီး ဝမ်းလည် ဝမ်းသာ သလို ဝမ်းလည်နည်းမိတယ် မမ က အမြဲသူတို့ အတွက် အချိန်ပေးခဲ့ပေမဲ့ အခုမမ က ခင်ပွန်းသည် နဲ့ တူလေးကို ပိုပြီး အချိန်ပေးရတော့မယ်လေ ပြီးတော့ မမ ကိုလဲ တွေ့ရမည်ဆိုတာ နည်းပါးသွားလိမ့်မည်ကို အလိုလိုသိနေလေသည်။.....
သတိုးသမီးသည် သတိုးသားအနားရောက်တာနဲ့ သတိုးသားကို ဦးညွန့် အရိုအသေပေးလေသည်။ ပြီးနောက် မိုး နဲ့ မြေ ကို အရိုသေပေးပြီး ဘိုးဘွားများကို အရိုသေပေးသည်။ ပြီးနောက် အချင်းချင်းပြန်အရိုအသေပေးပြီးနောက် သတိုးသားသည် သတိုးသမီးမျက်နှာကို မြင်ချင်နေပြီးထင်ပါရဲ့...
မျက်နှာပေါ်က အနီရောင်ပါဝါကို လှန်ဖို့ရာ တုတ်ကို ချက်ချင်းကောက်ကိုင်လိုက်ပြီး ဖြေးငြင်းစွာ ပါဝါကို သတိုးသမီး ခေါင်းပေါ် လှန်တင်လိုက်လေသည်။
ထိုအချိန် ခဏတာ အတွင်းမှာ ခမ်းမကြီးက တိတ်ဆိတ်သွားလေသည်။ မကြောင်းမှာ နတ်သမီးတစ်ပါးပမာ လှပနေသော ကျန်းယန်လီ ကြောင့်ပင်...
အနည်းငယ် နီးမြန်နေသော နှုတ်ခမ်းနှစ်လွှာလေးက ပြုံးယောင်သန်းနေပြီး ပါးနီရောင် နုနုလေးကို ပါးမိုးမိုးပေါ်တွင် မထင်သထင် ခြယ်သထားသည်။ မျက်ခုံပါးပါးလေးကိုမှ ပြန်ပြီး ပုံဖော်ခြယ်ထားပြီး မျက်ခွံမိုးမိုးလေးမပေါ် အပန်းရောင်ကို ခြယ်ထားလေသည်။ ...
သူမ အားငေးကြည့်နေသော လူအများကြောင့်ထင်ပါရဲ့ ရှက်ကာ ပါးလေးတွေက ပါးနီလေထက် ပိုပြီး နီးမြနိလေသည်။...
မကြာပါ ခမ်းမကြီးက တဖန်ပြန်ပြီး ဆူညံလာလေသည်။ လက်ခုတ်သံများ သြဝါဒကြွေသံများ ဝမ်းသာသတင်းပေးသံများ စသည့် စသည့် အသံများသည် သတိုးသား နဲ့ သတိုးသမီး အနားတွင် ပေါ်ပေါက်လာလေသည်။