2K 166 4
Zawgyi
~~~~~~
အပိုင်း 65
2 ရက်.. 2 ရက်ပင်ကြာခဲ့ပြီး အခုချိန်ထိ ဟွိုက်ဆန်း ဘေးမှာ အိပ်နေတဲ့ လူသား နိုးထမလာသေးပေ..
ဖြူရော်နေသော အသားရေကနေ သွေးရောင် လွှမ်းလာနေသည်။..
ဖြူစုတ်နေတဲ့ နှုတ်ခမ်း .. ပိန်းချိုင့်နေတဲ့ ပါးပြင်း .. အရိုးကပ်မတတ်ပိန်းနေတဲ့ လက်ညောင်လေးတွေ အားလုံးသည် နဂိုအတိုင်းပြန်ဖြစ်နေပြီး ဖြစ်သည်။..
ဒါပေမဲ့ ပြန်နိုးမထလာသေးသည် တစ်ခုပင် ဟွိုက်ဆန်း စိုးရိမ်မိသည်။ သမားတော်ကတော့ ရက်တိုင်း အချိန်တိုင်း ပုံမှန် လာစစ်နေပေမဲ့ ဟွိုက်ဆန်း စိတ်ပူနေတုန်းပင်...
ကျင်းဇီရွှမ်း ကို အနွေးဓာတ်ပေးတဲ့ အချိန်ကစလို အခုချိန်ထိ ဟွိုက်ဆန်း ခုတင်ပေါ်ကပင် မဆင်းပဲ ကျင်းဇီရွှမ်း ကိုတာ ဖက်ထားမိသည်။..
အကိုကြီး နဲ့ မုန့်ယောင် တို့လဲ ခဏခဏ လာကြည့်ပြီး သတင်းကောင်းပါ ယူလာခဲ့ပေးသည်။..
အကိုကြီး နဲ့ မုန့်ယောင် လက်တွဲဖော်အဖြစ်သဘောတူလိုက်ကြောင်း နဲ့ ကိစ္စတွေ ပြီးရင် အကိုကြီး က မုန့်ယောင်ကို လက်ထပ်မည်ဆိုသည့် အကြောင်းပါ ပြောခဲ့လေသည်။...
ဟွိုက်ဆန်း ပြသာနာ အကြာကြီးတတ်နေတဲ့ အကိုနှစ်ယောက် အခုလို အဆင်ပြေသွားတာကြားတော့ ဝမ်းသာမိသည်။...
ဟွိုက်ဆန်းလည်း ထိုနေ့မျိုးကို မြန်မြန်ရောက်ချင်းသည် အခက်အခဲမရှိတဲ့နေ့... အချစ်တွေ နဲ့ လျှောက်လမ်းမဲ့နေ့ရက်တွေကို.. ဒါတွေ ဖြစ်လာဖို့အတွက် ဘေးမှာ အိပ်နေတဲ့ လူသားနိုးလာဖို့ အတွက်လိုသည်။..
ဟွိုက်ဆန်း တစ်ကိုယ်ကောင်းဆန်းတယ်ဆိုတာ သိပေမဲ့ ဒီတိုင်းလေပဲ တစ်ကိုယ်ကောင်းထက်ဆန်းပါရစေ...
နောက်တစ်ခု ဟွိုက်ဆန်း ထင်မထားသည်က ကျင်းသခင်မကြီးပင်...
သားအရင်တစ်ယောက်လုံး အန္တာရာယ်ဖြစ်နေတာတောင် တစ်ရက်မှ လာမကြည့်ပဲ.  ဘယ်လိုများနေလိုက်ပါမည်နည်း..
ဟွိုက်ဆန်း ကျင်းသခင်မကြီးကို စိတ်ဆိုးချင်ပေမဲ့ မဆိုးရက်ဘူး.. ဟွိုက်ဆန်း သိသည်.. ကျင်းသခင်မကြီး ဘာကြောင့် ဒီလိုတွေ လုပ်ခဲ့တာလဲ...