6.2K 416 56
Zawgyi
~~~~~~~
အပိုင်း 22
မှောင်ရီစပြုနေပြီး ဖြစ်သော ညကောင်းကင်ယံထက်တွင် အေးချမ်းမှုအားပေးဆောင်သော လမင်းကြီးမှာ ထိန်းထိန်းသာနေသည်။ လခြမ်း ပုံစံရှိနေပေမဲ့လဲ ထိုလခြမ်းလေးသည် လူတိုင်ရှိ အပူမီးကို ငြိမ်ချမ်းနိုင်စေသည်။
ထိုလူတွေထဲမှာမှ တစ်ယောက်ဖြစ်သော ယွင်မုန့်ကျန်း ဂိုဏ်၏ ဝေ့ဝူရှန့်မှာတော့ လခြမ်းလေးကို ကြည့်ကာ အတွေးပင်လယ်ထဲ နစ်မျောနေလေသည်။
ဝေ့ရင် ယွင်မုန့်ကို ပြန်ရောက်တာ 1 ရက်ပြည့်သွားပြီး လန်ကျန့် နဲ့ စကား ပြောခွင့်မရသေးဘူး နှစ်ယောက်ထိပ်တိုက်တွေ့ရင် လန်ကျန့် ကပဲ အရင်ရှောင်ထွက်သွားတယ်...
ကူးစူးလန်မှာတုန်က ဖွင့်ပြောလိုက်မိလို့ စိတ်ဆိုးသွားတာများလား မဟုတ်လောက်ပါဘူး အဲ့တုန်းက လန်ကျန့် ငါနဲ့ စကားပြောနေပါသေးတယ်...
ဒါဆို ဘာကြောင့်လဲ ငါလန်ကျန့် အတွက် စိတ်မသက်သာစရာတွေများ လုပ်မိနေတာလား ငါဘာတွေ လုပ်မိလို့လဲ...
ဝေ့ရင် တွေးနေရင်ပင် လန်ကျန့်က ဝေ့ရင် ထိုင်နေတဲ့ တံတား အရှေ့ကို ရောက်ခဲ့လေသည်။ ဝေ့ရင် မှာလန်ကျန့် နားနေဆောင် အရှေ့က တံတားတွင် ထိုင်နေခြင်းကြောင့် လန်ကျန့် လာတာနဲ့ တည့်တိုးခြင်း ဖြစ်သည်။
လန်ကျန့် ဝေ့ရင်ကို တစ်ချက်တာ ကြည့်ပြီး ရှောင်ထွက်ဖို့ လုပ်လိုက်ပေမဲ့ ဝေ့ရင်က လျှင်မြနိစွာ လန်ကျန့် လက်ကို ဖက်ဆွဲလိုက်လေသည်။
အသားချင်းထိတာ မကြိုက်သော လန်ကျန့်မှာ ဝေ့ရင် လက်ဆွဲမှုကြောင့် အနည်းငယ် ထိပ်လန့်သွားကာ လက်ကို လွဲချလိုက်တော့ အရှိန်ပါသွား သဖြင့် ဝေ့ရင်ပါ အနောက်ကို ယိုင်ပြီး ဖင်ထိုင်ရက် ပြုတ်ကျလေသည်။
ဝေ့ရင် ပြုတ်ကျတာပင် မမှုပေ အမြန်ပြန်ထပြီး ဖုန် ခါကာ လန်ကျန့်ကို ပြန်ကြည့်လာလေသည်။ စိုးရိမ်သော အရိပ်အယောင်သန်းနေတဲ့ လန်ကျန့် မျက်ဝန်းကို ဝေ့ရင်ကြည့်က တလွဲ တွေးချလိုက်သည်မှာ လန်ကျန့် သူကို မုန်းနေသည် ဟုပင်...
" လန်ကျန့် မင်းငါကို မုန်းနေတုန်းပဲလား မင်းပြောတော့ ငါကို မမုန်းတော့ဘူးဆို "