Part-13 (Z+U)

1.5K 151 2
                                    

Unicode

မနေ့ညက သဲဦး ဘာအိမ်မက်မှ
မမက်တော့ပေမယ့်၊ မနက်နိုးတော့
စိတ်တို့က ညစ်ထိုင်းထိုင်း ဖြစ်နေသေည်။
လင်းအား လွတ်မြောက်ခွင့်ရအောင်
ကူညီပေးနိုင်မည့် နည်းလမ်းက
သူသေဆုံးခဲ့ရသည့် အကြောင်းအရင်းအမှန်ကို
ဖော်ထုတ်ပေးရန်သာ။

ထိုသို့ဖော်ထုတ်ပေးရမှာကို
သဲဦး ကြောက်နေမိသည်။

ထွက်လာမည့် အဖြေက သဲဦးချစ်ရသူနှင့်
ပက်သက်နေပါလျှင် သဲဦး ဘာဆက်လုပ်ရမည်နည်း။

.............

လင်းပေးခဲ့သည့် အိမ်မက်တွေကို
ဆက်စပ်ပြီး တွေးကြည့်ပါလျှင်...
ကိုကြီးလင်းညှို့က လင်းရဲ့ ချစ်သူ
ဖြစ်သလို၊ စွမ်းနောင်ကလည်း၊
လင်းကို ကူညီပေးနေသူ....။

ဒါဆိုရင် လင်းကို သတ်တဲ့ တရားခံ
ဖြစ်နိုင်ချေအများဆုံး ရှိတဲ့ လူက...။

........

ကိုကြီးလာခေါ်သော ကားနှင့်
ကျူရှင်သို့ သွားသော လမ်းက
တကယ်ကို ခဏလေးပဲ
ကြာမည် ဖြစ်တာကြောင့်၊

"ကိုကြီး..၊ သဲဦး ...ကိုကြီးနဲ့
စကားပြောစရာရှိတယ်၊
အပြန်ကျရင်၊ သဲဦးကို
အချိန်ခဏလောက်ပေးပါနော်.."

"အင်း...၊ပေးမှာပေါ့ သဲရဲ့...၊ "

သူက မဆိုင်းမတွပဲ ဖြေလိုက်စဉ်၊
သဲဦး သူ့မျက်နှာအား ငေးကြည့်နေမိသည်။
လွန်ခဲ့တဲ့ ဆယ်နှစ်က ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲ
ဆိုတဲ့ အချက်ကို အရမး်သိချင်နေမိသလို၊
သိရမှာလည်း ကြောက်နေမိသည်။

.........

မင်းညှို့တို့ အိမ်ထဲ ဝင်ဝင်လာခြင်း၊ လှေကားထိပ်မှာ
တွေ့လိုက်ရသောသူကြောင့် ၊ သဲဦး ဝင်ရမည့်
ခြေလှမ်းတို့ တုံ့ဆိုင်းသွားမိသည်။

မင်းညှို့၏ အကို၊ ကိုဟိန်းညှို့က တကယ်ပဲ
မင်းညှို့နဲ့ တော်တော်လေးတူသည်ဟု ပြောရမည်။
သို့သော်...သူ့ကို တွေ့လိုက်ရတော့
ခံစားချက်က သိပ်မကောင်းလှ။
အိမ်မက်ထဲမှာ ရက်စက်စွာ ပြုံးနေခဲ့သူသည်၊
ခု မိမိရှေ့တွင် မြင်နေရသော သူဖြစ်သည်။

သူကတော့ သဲဦးကို တွေ့တွေ့ခြင်း
ဖော်ရွှေသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

အတိတ်တစ်သက်စာWhere stories live. Discover now