Part-22 (Z+U)

1.5K 140 7
                                    

Unicode

ဒီလိုနဲ့ သုံးလဆိုတဲ့ အချိန်တစ်ခုကို
စာပြီးရင် စာ လုပ်ရင်း ဖြတ်သန်းနေရသဖြင့်
အချိန်တွေ ကုန်လို့ ကုန်မှန်းတောင်
မသိလောက်အောင်ပင်။

ဒီကြားထဲ ကိုကြီးအေသီယံက သဲဦးကို
နေ့တိုင်း ကျောင်းအကြိုအပို့လုပ်ပေးသည့်
တာဝန်ကို ယူထားပေးသည် ။
ကျောင်းပိတ်ရက်များမှာလည်း
ဖေကြီးနဲ့ စကားစမြည်
လာပြောတတ်သေးသည်။

သူဟာ သဲဦး ဒီမြို့မှာရှိနေသရွေ့
ဒီမြို့က တစ်ဖဝါးမှ ခွာမည့်ဟန်မရှိ။
ကိုဟန်ထွယ်အောင်ကသာ ရန်ကုန်နှင့်
ဒီမြို့ကို သွားလိုက်ပြန်လိုက်လုပ်ရင်း ၊
နေနေရလေသည်။

မင်းညှို့အကိုလတ် ဟိန်းညှို့လင်္ကာဟာလည်း
ရန်ကုန်သို့ ပြန်သွားပြီဟု သိရပြီး၊
လင်းညှို့လင်္ကာ၏ ဇနီးဖြစ်သူ
မကေသွယ်စုတွင်လည်း ကလေးလေး
ကိုယ်ဝန်လွယ်ထားပြီဟု သိရသည်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အခြေအနေတွေ
အားလုံး က ယခင်မူလနေရာသို့
ပြန်လည်ရောက်ရှိသွားခဲ့ပြီ။

............

"ဘယ်သွားမလို့လဲ...?"

မနက်စောစောစီးစီး ၊ အပြင်အဝတ်အစားများနှင့်
ကျော့မော့စွာ ထွက်လာသော ဟန်ထွယ့်အား
အေသီယံ မေးလိုက်တော့ ဟန်ထွယ်က
တစ်ချက်ပြုံးလိုက်ကာ..

"ခမ်း လာမှာလေ..."

သူ့စကားကြောင့် အေသီယံပါ ပြုံးလိုက်မိသည်။
အေသီယံ နောက်ဆုံးရိုက်ခဲ့သည့်
ရုပ်ရှင်တုန်းက ၊ စတိုင်လစ်လုပ်ပေးသော
ခမ်းဆိုသည့် ကောင်လေးကို ဟန်ထွယ်က
စိတ်ဝင်စားနေသည်။
ဒါကို ရှူတင်တစ်ခုလုံးနီးပါး
သိသွားလောက်အောင် အတော်လေး
သိသာခဲ့သည် ။

ခုထိလည်း သူတို့ အဆက်အသွယ်
ရနေသေးပုံပင်၊ တွဲတောင် တွဲနေကြပြီလား
မပြောတတ်။

"ဒီမှာတည်းမှာလား..?"

"အေးပေါ့....၊ ငါသွားပြီ..."

သူလက်ပြကာ ထွက်သွားတော့
အေသီယံလည်း ပြုံးပြုံးကြီး ကျန်နေခဲ့သည်။
ဟန်ထွယ်က တစ်စုံတစ်ယောက်ကို
ပထမဆုံးအကြိမ် စိတ်ဝင်စားခြင်း ဖြစ်သည်။

အတိတ်တစ်သက်စာWhere stories live. Discover now