Part-18 (Z+U)

1.5K 150 5
                                    

Unicode

"သဲဦး..!!! သဲဦး...!!"

ကြမ်းပြင်ပေါ်သို့ လဲကျသွားသော
သဲဦးအား မင်းညှို့ အမြန် ပွေ့ချီရင်း၊
လှုပ်နှိုးနေမိချိန်တွင်...
ကိုကြီးလင်းညှို့က အံ့သြတကြီးနှင့်...

"သူက ဘယ်လိုလုပ် ဒီရောက်နေတာလဲ...??"

ကိုကြီးလင်းညှို့၏ အမေးကိုတောင်
မင်းညှို့ ပြန်မဖြေနိုင်ပဲ။
သဲဦးအား စိုးရိမ်သည့်စိတ်က ပိုများနေသဖြင့်....

"ကိုကြီး ....လုပ်ပါဦး၊
သူ့ကို ဆေးခန်းပို့မှ ရမယ် ထင်တယ်..."

မင်းညှို့၊ သဲဦးအား ချီမလိုက်ကာ
အောက်ထပ်သို့ ဆင်းမည်အလုပ်.....

"သူ့ကို ဒီတိုင်း ပြန်လွှတ်လို့ မဖြစ်ဘူး...!"

ကိုကြီးလင်းညှို့က မင်းညှို့၏ လက်ကို
ဆွဲကာ တားလိုက်တာကြောင့်..

"ဘာလို့လဲ..?"

"မင်း ခုချက်ချင်း သူ့ကိုချလိုက်..!!"

"ဘာလို့လဲ ကိုကြီး၊
သူ့ကို ဆေးရုံပို့မှ ဖြစ်မှာ၊.."

ကိုကြီးလင်းညှို့က သဲဦးအား
အတင်းဆွဲချလိုက်တာကြောင့်၊
မင်းညှို့လညး် သူ့အားကို မယှဉ်နိုင်သဖြင့်၊
သဲဦးကို ကြမ်းပြင်ပေါ် ခဏချပေးလိုက်သည်။

"ကိုကြီး ဘာလုပ်မလို့လဲ..?"

"သူ လင်းကိစ္စကို သိနေတယ်၊
ငါသူ့ကို ဒီတိုင်းလွှတ်မပေးနိုင်ဘူး..!"

"လင်းရဲ့ ဘယ်ကိစ္စကိုလဲ..?
လင်းနဲ့ကိုကြီးနဲ့ ကြိုက်ခဲ့တဲ့ ကိစ္စကိုလား.?
ဒါမှမဟုတ်..."

"ဒီကိစ္စကို မင်းဝင်မပါနဲ့...! သွား
ခု ထွက်သွား..!"

ကိုကြီးလင်းညှို့ မောင်းထုတ်နေတာကိုတောင်
မင်းညှို့ မမှုနိုင်တော့..

"မသွားနိုင်ဘူး...! သဲဦးကို ထားပြီး
ဘယ်မှ မသွားနိုင်ဘူး..၊
ကိုကြီး သဲဦးကို ဘာလုပ်မလို့လဲ...?"

"ဟက်ဟက်....ဟားဟား .. ဟားဟား..."

ကိုကြီးဟိန်းညှို့ဆီမှ အဓိပ္ပာယ်မဲ့ ရယ်မောသံ
တစ်ခု ထွက်လာတာကြောင့် သူ့အား
မင်းညှို့ နားမလည်သလို ကြည့်မိတော့..

အတိတ်တစ်သက်စာWhere stories live. Discover now