💔Part - 1💔

6.3K 333 49
                                    

[Zawgyi Version]

စိတ်​ရောဂါသည်​တွေ..သီးသန့်​ထားရှိတဲ့ဆေးရုံတစ်​ရုံရဲ့
VIP ROOMတစ်​ခုမှာ..ကောင်​လေးတစ်​ယောက်​ခပ်
နွမ်းနွမ်းဝါကျင်​ပြဲစုတ်​နေသော..စာအုပ်​လေးတစ်​အုပ်​ကို
ရင်​ခွင်​ထဲမှာမလွှတ်​တမ်းဖက်​တွယ်​ကာငိုရှိုက်​နေသည်

"သားလေးသူ့ကိုမေ့ပစ်​လိုက်​ပါတော့"
"သားဒီလိုစိတ်​စွဲနေရင်​သူလဲခံစားနေရလိမ့်​မယ်​"
"သားသူ့ကိုသွားခွင့်​ပေးလိုက်​ပါတော့"

"ဟင့်​အင်​"
"သားအဲ့လိုမလုပ်​နိုင်​ဘူး"
"သူကသားအနားကနေထွက်​သွားမှာမဟုတ်​ဘူး"
"သားသူ့ကိုဘယ်​လောက်​ပဲနှင်​ထုတ်​နေပါစေ"
"သူကသားအနားမှာရှိနေမှာ"
"သားသူ့ကိုအရမ်းချစ်​တယ်​"
"သူလဲသားကိုချစ်​တယ်​လေ"
"သားတို့အချစ်​ကိုခွဲဖို့မကြိုးစားပါနဲ့..သူမရှိရင်​သား..
ဘဝကရှင်​လျက်​နဲ့သေလူအတိုင်းပဲဖြစ်​နေလိမ့်​မယ်​"

"အော်​..သားလေးရယ်​"

"လူနာရှင်​သူ့ကိုအရမ်းစိတ်​ဖိအားမပေးပါနဲ့တော့"
"လူနာကိုပေးသွားလိုက်​ပါ"

"မ...မဖြစ်​ဘူး"
"Drအရင်​လိုဆေးထိုးပီးသားလေးကို..အိပ်​ပျော်​အောင်
လုပ်​ပေးပါနော်​"
"ကျွန်​မဒီလိုဒူးထောက်​ပီးတောင်းပန်​ပါတယ်​"
"ကျေးဇူးပြုပီး..သားလေးကို..ပြန်​နေကောင်းအောင်​..
လုပ်​ပေးကြပါ..ကျွန်​မမှာရှိတဲ့..စည်းစိမ်​တွေအားလုံး..
ကုန်​သွားပါစေသားလေးအသက်​ရှင်​ရင်​ပဲကျေနပ်​ပါပီ"

ထိုအခါDrက..စိတ်​မကောင်းသည့်​အမူအရာ..သူမကို
ခေါင်းခါပြနေသည်

"ဘယ်​လိုပဲဆေးကုသမှုခံယူနေပါစေ"
"လူနာကအကောင်းပကတိပြန်​ဖြစ်​မလာနိုင်​တော့ဘူ"
"ဆေးတွေက..သူခံစားနေရတဲ့ဝေဒနာကို..ခနတာ..
သက်​သာရုံမျှသာ..လုပ်​ပေးနိုင်​တော့တယ်​"

ထိုအခါအမျိုးသမီးကကုတင်​ပေါ်တွင်​စာအုပ်​ပိုက်​ကာ..
ငိုနေသော..သားလေးမျက်​နှာကိုကြည့်​ပီးဆုံးဖြတ်​ချက်
ချလိုက်​လေသည်





















လွန်​ခဲ့သော1နှစ်​ခန့်​က..........

တစ်​နေ့တာသာကုန်​လွန်​သွားတယ်
ကျွန်​တော့်​လိုလူအတွက်​တော့နှေးကွေးနေသလားပဲ
လူမှန်းသိတတ်​စအရွယ်​လောက်​ကတဲကမိဘနှစ်​ပါးရဲ့
စွန့်​ပစ်​ခြင်းကိုခံခဲ့ရသည်​..ကျွန်​တော့်​အဖြစ်​ကဆွေမရှိ
မျိုးမရှိ..လမ်းဘေးစား..လမ်းဘေးအိပ်​ရတဲ့..လူသား
တစ်​ယောက်​ပေါ့ဗျာ..အဲ့လိုဘဝကနေရုန်းကန်​ရှာဖွေ..
စားသောက်​ရင်း..တစ်​နေ့တော့..ကျွန်​တော်​နဲ့ရွယ်​တူ
ကောင်​လေးတစ်​ယောက်​နဲ့တွေ့ခဲ့သည်

MEMORY [COMPLETED]Where stories live. Discover now