💔Part - 2💔

2.8K 294 52
                                    

[Zawgyi Version]

"Jung KookဒီညClubလစ်​ရအောင်​"

"ငါမလိုက်​တော့ဘူ"
"မင်းတို့ပဲသွားကြ"

"မင်းမပါပဲငါတို့တွေဘယ်​တုန်းကသွားလို့လဲ"
"မင်းညပိုင်းဘာလုပ်​စရာရှိလို့လဲ"

"မရှိဘူး"

"အဲ့တာများပြောနေသေးတယ်​"
"မင်းပါမယ်​လို့ချွဲဆောင်းတို့ကိုငါပြောပီးသွားပီ"
"လိုက်​ခဲ့ပါကွာ"

"အင်း"

"လိုက်​မယ်​မလား"

"အေးဟေ့"
"မလိုက်​မချင်းမင်းပဲအတင်းခေါ်နေတာလေ"

"ဟား..မင်းလိုက်​မယ်​ဆို9hrအိမ်​ကထွက်​လာခဲ့"
"Clubမှာဆုံမယ်​..ငါမင်းကိုအဲ့တာလာပြောတာ"
"ငါပြန်​ပီ"

"အေး"

Jung Kookအစတုန်းကတော့Clubမသွားဘူးလို့
တွေးထားပေမဲ့..အင်​ဟိုကအတင်းသွားဖို့လာပြောတာ..
ကြောင့်​သူဆက်​မငြင်းပဲ..ဒီတစ်​ခါတော့သူတို့နဲ့အတူ..
လိုက်​သွားဖို့ဆုံးဖြတ်​လိုက်​သည်

လူငယ်​ဆိုတဲ့အတိုင်း...လွတ်​လပ်​စွာနေထိုင်​တာ....
ကောင်းပေမဲ့..အပျော်​ကနေအပျက်​ဖြစ်​မှာကိုယ့်​ဟာကို
ထိန်းသိမ်းပီးနေခဲ့သည်

လူငယ်​တစ်​ယောက်​အတွက်​..Clubမှာသွားပီးမူးယစ်
စားသောက်​ကခုန်​တာ..အထူးအဆန်းမဟုတ်​ပေမဲ့..
အချို့သော..လူ့ပတ်​ဝန်းကျင်​မှာတော့...အဆိုးမြင်​...
မကောင်းစကားဆိုတတ်​ကြသည်

မိဘတွေသိရင်​လဲတားမြစ်​စကားပြောမှာ
တော်​သေးတယ်​..အခုလိုတစ်​ယောက်​ထဲတိုက်​ခန်းမှာ
လာနေတာအထီးကျန်​တယ်​ဆိုပေမဲ့ခေါင်းပူနားရှုပ်​တော့
မခံရတော့ဘူ

စားသောက်​တာကပိုက်​ဆံရှိလဲဖြစ်​သလိုပဲအပြင်​ကနေ
မှာယူစားသောက်​တာသာများသည်

ကိုယ်​တိုင်​...ချက်​ပြုတ်​စားသောက်​မယ်​..ဆိုရင်​လဲ...
ဘာတစ်​ခုမှမလုပ်​တတ်​တာကြောင့်​ဝယ်​စားဖြစ်​သည်

ကိုယ်​ရတဲ့ပိုက်​ဆံနဲ့အဆင်​ပြေသလိုလိုအပ်​တာချွေသုံး
သည်​..မိဘတွေအရှိန်​အဝါသုံးပီးထောင်​လွှားတတ်​သူ
မဟုတ်​တာကြောင့်​..ကိုယ်​ဝါသာနာပါရာစက်​ပစ္စည်း..
ပြင်​ဆင်​တာနဲ့အသက်​မွေးဝမ်းကြောင်းပြုသည်

MEMORY [COMPLETED]Where stories live. Discover now