💔Part - 5💔

2.1K 225 18
                                    

[Zawgyi Version]

Club...အပြင်​ဘက်​ရောက်​တော့..ခုံတန်းလေးမှာ
ထိုင်​လိုက်​သည်​..ကောင်​လေးကလဲကျွန်​တော်​ထိုင်​တဲ့
နေရာအနီးနားမှာ..ကပ်​ထိုင်​နေသည်

"ကိုယ့်​အမည်​ကJung Kook"
"မင်းအမည်​ကရောဘယ်​လိုခေါ်လဲ"

"TaehyungပါHyung"

အင်း...ကောင်​လေးအမည်​တော့သိလိုက်​ပီ

"နေတာကရောဘယ်​မှာနေလဲ"
"ကိုယ်​ကတော့တိုက်​ခန်းမှာနေတယ်​"

"ကျွန်​တော်​ကသူငယ်​ချင်းနဲ့အတူနေတယ်​"
"သူကလဲကျွန်​တော့်​လိုဒီမှာပဲအလုပ်​လုပ်​တယ်​"

"အော်​...အလုပ်​ဝင်​တာကောကြာပီလား"

"ဟင့်​အင်​"
"ဒီနေ့မှကျွန်​တော်​ပထမဦးဆုံးအလုပ်​စဆင်းတာပါ"
"ကျွန်​တော့်​ကိုကူညီပေးလို့ကျေးဇူးတင်​ပါတယ်​"

"ရပါတယ်​..ကျေးဇူးတင်​ဖို့မလိုပါဘူး"
"ကိုယ်​က...မင်းဒုက္ခရောက်​နေတာ...မြင်​တော့...
မကူညီပဲမနေနိုင်​လို့...ရန်​ပွဲထဲပါလိုက်​တာ"
"Clubမှာအလုပ်​လုပ်​တာကအရမ်းအန္တရယ်များတယ်​"
"မင်းကိုမလုပ်​စေချင်​လို့ပြောတာမဟုတ်​ဘူးနော်​"

"Hyungပြောတာ..ကျွန်​တော်​နားလည်​ပါတယ်​"
"ကျွန်​တော်​လဲClubမှာမလုပ်​ချင်​ဘူး"
"ဒီအလုပ်​က..လွဲပီးအခြားအလုပ်​မရှိလို့..ကျွန်​တော်
လုပ်​လိုက်​ရတာပါ"

"အဲ့စကားကြားရတာကိုယ်​တကယ်​စိတ်​မကောင်းဘူး"
"အရမ်းလဲစိတ်​ထိခိုက်​မဲ့တဲ့ဟာတွေသိပ်​မတွေးနဲ့"
"မင်းအိမ်​ပြန်​ရောက်​ရင်​လက်​ကောက်​ဝတ်​ကိုရေနွေး
အိတ်​နဲ့ကပ်​လိုက်​နော်​..အဲ့တာမှအရောင်​ကျသွားမှာ"
"ကိုယ်​အဲ့လိုလုပ်​ပေးချင်​ပေမဲ့..ဒီနေရာမှာရေနွေးအိတ်
မရှိလို့...ဆေးဆိုင်​တွေကလဲ...ဒီအချိန်​ဖွင့်​လောက်​မှာ
မဟုတ်​ဘူး"

"မဟုတ်​တာပဲဗျာ"
"အခုလိုစိတ်​ပူပေးတာနဲ့တင်​ကျွန်​တော်​ပျော်​နေပါပီ"

ကိုယ်​လဲအရမ်းပျော်​နေတယ်
မင်းလေးနဲ့တွေ့ခွင့်​ရလိုက်​လို့ပေါ့

"Hyungပြန်​တော့မှာလား"

"အင်း"
"နောက်​ကျနေပီဆိုတော့..ကိုယ်​လဲပြန်​တော့မယ်​"
"မင်းဒီမှာနေချင်​သေးလား"
"မင်းနေချင်​သေးရင်​ကိုယ်​စောင့်​နေပေးမယ်​"

MEMORY [COMPLETED]Where stories live. Discover now