💔Part - 22💔

2.4K 170 48
                                    

[Zawgyi Version]

Taehyungအသက်​ရှုရခက်​လာပီးနှလုံးတည်​ရှိရာ
နေရာကပိုအောင့်​တက်​လာသည်
တစ်​ချက်​တစ်​ခါအသက်​ရှုတိုင်းရင်​ဘတ်​ကပြင်းထန်​စွာ
အောင့်​လာလေသည်
အရမ်းနာကျင်​လွန်းလို့...ငိုမိသည်​အထိပဲ

Hyungအခုလောက်​ဆို..ယူနာနဲ့လက်​ထပ်​ပွဲကျင်းပ
နေလောက်​ပီပေါ့...Hyungသိရဲ့လားဗျာ
Hyungပျော်​ရင်​ကျွန်​တော်​လဲပျော်​တယ်​..နောက်​ဆို
Hyungအပြုံးတွေကျွန်​တော်​မမြင်​နိုင်​တော့ဘူ
မြင်​တွေ့ခွင့်​လဲမရှိတော့ဘူ
Hyungပြောသလိုပဲ..ကျွန်​တော်​ဟာ..ဘာပိုင်​ဆိုင်​မှု
တစ်​စုံတစ်​ရာမှ..မရှိတဲ့လူတစ်ယောက်​ပါ
ကျွန်​တော်​Hyungဘဝထဲကနေထာဝရအပီးတိုင်
ထွက်​ခွာသွားတော့မယ်

ကျွန်​တော်​သေသွားတဲ့..သတင်းကြားရင်​Hyung..
ဘယ်​လိုနေမလဲ.အနည်းဆုံးတော့ကျွန်​တော့်​အတွက်
မျက်​ရည်​ကျပေးရင်​ပဲ..ကျေနပ်​နေပါပီ
အခြားသောအရာတွေထက်​မျှော်​မလင့်​တော့ပါဘူး
လူတွေကပြောကြတယ်​..ချစ်​သူနှစ်​ယောက်​လုံးမှာ..
အကြောင်းအမျိုးမျိုးကြောင့်​ခွဲခွာသွားခဲ့ရင်​..ထားခဲ့တဲ့
သူကပိုနာကျင်​တယ်​...ဟုတ်​ရဲ့လားဗျာ
ကိုယ်​ချစ်​ရသူရဲ့...စွန့်​ပစ်​ခြင်းကို...ခံရသူထက်​...
ဘယ်​အရာက...ပိုနာကျင်​နိုင်​မှာတဲ့လဲ..ထားခဲ့တဲ့သူနဲ့
ကျန်​နေခဲ့တဲ့သူဘယ်​သူကပိုခံစားရမလဲ..ကျွန်​တော်
Hyungကို...သိစေချင်​ခဲ့သည်

မင်​ဟိုရေငါမင်းကိုတောင်းပန်​ပါတယ်
မင်းကငါ့အတွက်​သူငယ်​ချင်းကောင်းတစ်​ယောက်​ပါ
မင်းပြန်​လာသည်​အထိ...စောင့်​မပေးနိုင်​တော့လို့...
ငါတောင်းပန်​ပါတယ်

မော်​နီတာစက်​ရဲ့အချက်​ပေးမြည်​သံပိုကျယ်​လာပီး
တဖြေးဖြေးနှေးကွေးလာသောနှလုံးခုန်​နှုန်းလေးရယ်
ဖြေးညှင်းစွာမှိတ်​ကျလာသောမျက်​လုံးနှစ်​စုံရယ်
ခနအကြာရပ်​တန့်​သွားခဲ့လေတော့သည်
















ကဲ..သတို့သားနဲ့သတို့သမီးအပြန်​အလှန်​လက်​စွပ်
ဝတ်​ပေးရမှာပဲဖြစ်​ပါတယ်

ချလွမ်​.........!

Jung Kookလက်​စွပ်​ကိုယူနာလက်​ချောင်းထက်
ဝတ်​ပေးမယ်​အလုပ်​လက်​စွပ်​ကလက်​ချောပီးကြမ်းပြင်
ပေါ်ပြုတ်​ကျသွားသည်

MEMORY [COMPLETED]Where stories live. Discover now