Ep 4

6.6K 681 48
                                    

Zawgyi

ဒီ​နေ့ရုံးကိုလာတဲ့​ခြေလှမ်း​တေဟာအရင်​ကသွက်​လက်​သ​လောက်​ယခုတွင်​​လေးကန်​​နေခဲ့သည်​ ​ရုံးကဝန်​ထမ်း​တေကလည်းမျက်​လုံးပြူးမျက်​ဆံပြူးဖြင့်​သူ့အားလုပ်​လက်​စများပင်​ရပ်​လျက်​ပြူးကြည့်​​နေကြသည်​ သူလည်းမျက်​​မှောင်​ကျုံ့ပြီးအကုန်​လုံးကိုဘုကြည့်​ကြည့်​လိုက်​မှ မရှုပ်​သည့်​အလုပ်​များကိုရှုပ်​ဟန်​​ဆောင်​ကြသည်

ခြေ​ထောက်​က​ထော့​နဲ့​ထော့နဲ့နှင့်​ အလုပ်​ထဲဝင်​လာ​လေသည်​ ခြေလှမ်း​တေက​လေးကန်​မှာ​ပေါ့ သူ့ညာဖက်​​ခြေ​ထောက်​မှာနာနတ်​သီးလုံးလုံး​လေးကကပ်​ပါလာသကိုး ဒူးအဆစ်​နားကိုလက်​​သေး​သေး​လေး​တေနှင့်​ပြုတ်​မကျ​အောင်​တင်းကျပ်စွာပိုက်​ထား​ရုံသာမက. ​ခြေ​ထောက်​တုတ်​တုတ်​​လေး​တေကလည်းသူ၏​ခြေသလုံးတွင်​ခွထား​သေးသည်​ ချိုလိမ်​ကိုစုပ်​ကာဟိုကြည့်​ဒီကြည့်​နှင့်​ပါလာသည်​ ဆွဲဖယ်​လို့လည်းမရ. သူ့အားအိမ်​မှာထားခဲ့မည်​ကိုသိပ်​​ကြောက်​ပုံရသည်​ သူ့အလုပ်​အိတ်​ကိုကိုင်​သည်​နှင့်​တပြိုင်​နက်​ ​သူ့​ခြေ​ထောက်​အားပုချိတို့လာကုတ်​တွယ်​ထားသည်​မှယခုတိုင်​ထိပင်​ ​ခြေ​ထောက်​ကို​မြောက်​ပြီးခါချ​သော်​လည်းပြုတ်​ကျမသွား ​ကော်​နဲ့ကပ်​ယူထားသလားပင်​ထင်​ရသည်​ ကားကို​တော့ဘယ်​လို​မောင်းလာသလဲမ​မေးနှင့်

ရုံးခန်းထဲ​ရောက်​မှပဲ ပုချိတို့ကဆင်းသွားသည်​ပြီး​နောက်​ရုံးခန်းပတ်​ပတ်​လည်​ကို​လေးဖက်​​ထောက်​​ပြီး ဟိုသွားဒီသွားနှင့်​ သူလည်းစားပွဲ​ပေါ် Tablet တလုံး​ထောင်​ကာကာတွန်းကားဖွင့်​​ပေးထားလိုက်​သည်​ ပုချိတို့ငြိမ်​​ဆေး အတွင်း​ရေးမှူးမကိုလည်းနို့ဘူး​ဖျော်​ခဲ့ခိုင်းကာပုချိအားဆက်​သခိုင်းရ​သေးသည်

သူလည်းလုပ်​ရမယ့်​အလုပ်​စာတမ်း​တေကိုထုတ်​ရင်း Jhopeအားဖုန်းဆက်​လိုက်​သည်​ ဟုတ်​သည်​​လေ​ပြော​တော့က​လေးထိန်းအကူ​တေကိုမြန်​မြန်​ရှာထားမည်​တဲ ဘယ်​မှာတုန်းခုထက်​ထိ​ပေါ်မလာ​သေး ဖုန်းက​တော့ဝင်​​နေပြီမကိုင်​​သေး ပုချိကိုလှမ်းကြည့်​​တော့လည်း စားပွဲ​အောက်​က​နေကာတွန်းကို​မော့ကြည့်​​နေသည်​ လက်​ပိစိ​လေးကလည်းဘီစကွတ်​​သေး​သေး​လေးကိုကိုင်​လျက်​ ​ကျန်​တဖက်​က​တော့နို့ဘူးကိုဖက်​ထားသည်​ ပါး​ဖောင်း​ဖောင်းက​တော့ဘီစကွတ်​ကိုပဲဝါး​နေတာလား​တော့မသိ တမြုံမြုံနဲ့လှုပ်​စိလှုပ်​စိ

BABY V-V (Season -2)Where stories live. Discover now