Zawgyi
အိမ်အကူတေခေါ်ထားတာတော်တော်အဆင်ပြေသည်ပြောရမည် အလုပ်လည်းအေးဆေးသွားနိုင်သည် အိမ်ပြန်လာလျှင်လည်းအစားသောက်အတွက်မပူရ. အိမ်မှာအလုပ်လုပ်ရင်တောင်ဟိုအရှုပ်ထုတ်လေးကလာမနှောက်ယှက်နိုင်တော့ တော်တော်အေးချမ်းနေသည် တခုပဲ ခုထက်ထိကြက်တောင်စည်းပုချိကိုအခန်းခွဲ၍သိပ်လို့မရတာပင် ပထမရက်တုန်းကဆိုအာပြဲကြီးနှင့်စူးနေအောင်အော်ငိုလေသည် အလုပ်သမားအကုန်လုံးကိုအိမ်အနောက်ဘက်ကတိုက်ပုသေးသေးလေးမှာပဲအိပ်ခိုင်းတာဆိုတော့ ဒီအိမ်ကြီးထဲတွင်ပုချိနှင့်ကျွန်တော်နှစ်ယောက်သာ
ညဘက်အိပ်ချိန်ကြီးအော်ငိုတော့ခဏအော်ငိုပြီးမောရင်တိတ်သွားလိမ့်မည်ဟုထင်မှတ်ထားကာကြိတ်မှိတ်အိပ်ခဲ့သည် သို့သော်လည်းအော်ငိုသံကတနာရီလည်းမတိတ် နှစ်နာရီလည်းမတိတ် သုံနာရီထိပင် ထို့ကြောင့်စိတ်ရှုပ်ရှုပ်နှင့်အိပ်ခန်းထဲကထွက်ကာဘေးကပုချိအခန်းထဲဝင်ခဲ့လေသည် ပြုတ်ကျမည်စိုး၍လေးဘက်ကာထားသောကုတင်သေးသေးလေးထဲလှမ်းကြည့်လိုက်တော့ ရင်ဘက်ထိခြုံထားသောစောင်စလေးကိုလက်ပိစိလေးဖြင့်ဆုပ်ကိုင်ထားကာအော်ငိုနေသည်
သူ့ကိုလည်းတွေ့ရောအော်နေတာရပ်ပြီးနှာလေးတရှုံ့ရှုံ့လုပ်ကာလက်လေးကမ်းပေးသည်ပွေ့ပါဆိုသည့်သဘော ကျွန်တော်လည်းမျက်နှာသေဖြင့်ကြည့်နေတော့ စောင်လေးတေနှင့်လုံးထွေးကာလုံးတုံးတုံးလေးထထိုင်ကာ ဘေးနားကာထားတဲ့တိုင်လေးနားဖင်လုံးလေးကိုအားကိုးကာတရွတ်တိုက်လာလေသည် ပြီးနောက်တိုင်လေးကိုကိုင်ကာအင်း....အဲနှင့် မျက်ရည်ရွှဲနေသောမျက်လုံးလေးနှင့်မျက်နှာလေးငယ်ကာခေါ်ခိုင်းလေသည်
ကျွန်တော်လည်းစိတ်ရှုပ်ရှုပ်နှင့်ပွေ့ချီလိုက်ကာလက်ချောင်းဖြင့် ပါးဖောင်းဖောင်းလေးပေါ်ကမျက်ရည်လေးတေကိုသုတ်ပေးလိုက်သည် ပြီးနောက်အိပ်ခန်းထဲခေါ်လာကာရင်ဘတ်ပေါ်တင်၍ချော့သိပ်ပြီးမှသူအိပ်ရလေသည် စောင်ကလေးသုံးနာရီကြာအောင်ငိုထားတာတောင်မတက်ဘူးလားမသိ