Part 2

11.7K 591 11
                                    


ရမက် တစ္ဆေ 

အပိုင်း ၂

" ပြောပါအုန်း ဟိုကောင်လေးအကြောင်း "

ညနေစာစားတုန်း Xiao Zhanက စကားစလိုက်သည်

"ဘယ်လိုဖြစ်တာတုန်း သူငယ်ချင်း စိတ်ဝင်စားနေပါ့လား မင်းမဟုတ်တဲ့အတိုင်းပဲ "

"ငါသိချင်နေတယ် သူကဘာရောဂါ ဖြစ်တာလဲ "

"ဆေးပညာအရစမ်းသပ်တိုင်း ကြီးကြီးမားမားရောဂါတော့မရှီဘူး  ဒါပေမဲ့ သူနေမကောင်းလို့ ငါသွားလိုက်တိုင်း ဖြူဖပ်ဖြူရော် နဲ့ အားတော်တော် နည်းသွားတာ ဘာကြောင့်လဲ ငါမသိဘူး ငါသူကို ကုနေတဲ့ တစ်နှစ်လုံး အဲ့တိုင်းဖြစ်နေတာပဲ "

"ကောင်လေးမှာ လျှို့ဝှက်ချက်ရှီနေတာလား Yu Bin "

"ဟုတ်လောက်မယ် ကောင်လေးကတော့ ဘာမှမပြောဘူး သူအိမ်က တပည့် နှစ်ယောက်ကလည်း နှုတ်လုံတယ် ဘာမှမေးလို့မရဘူး "

"အလုပ်တွေဘာတွေ ပင်ပန်းလို့များလား/z

" အဲ့ကောင်လေးက အလုပ်လုပ်စရာမလိုဘူး Xiao Zhan သူချမ်းသာမှုက သူဆယ်သတ်စားလို့ကုန်မှာမဟုတ်ဘူး

"အဲ့လောက်ချမ်းသာတယ်ပေါ့ သူမိဘရောရှီလား "

"ကောင်လေး မိဘတွေက ကောင်လေးငယ်ငယ်တုန်က ဆုံးသွားတာ ထူဆန်းစွာသေသွားတယ်လို ကြားတယ် ကောင်လေး မိဘတွေထားခဲ့တဲ့ အမွေတွေက မနည်းဘူးလေ ပြီးတော့ ကောင်လေးက တစ်ဦးတည်းတော့သား အဲ့ဒီအိမ်မှာ ကောင်လေး နဲ့ ညီအစ်ကို ချစ်ခင်ရတဲ့ တပည့်နှစ်ယောက် San နဲ့ Dayအားလုံး  သုံးယောက်ပဲနေတယ် San နဲ့ Day ကတော့ သူတို့ အစ်ကိုလေး ကိုတော်တော်ချစ်ရှာ တယ်လိုထင်တယ် "

"သူဘယ်ချိန်ကစပြီးဒီလို ခဏခဏ အားနည်းတာလဲ ပြီးတော့ မင်းဘယ်လိုကုကု ဘာလို့မပျောက်တာလဲ "

"ငါလည်း အဲ့ဒါ ထူးဆန်းနေတာ ဒီနားက ပတ်ဝန်းကျင် ပြောတာတော့ ကောင်လေး ရည်းစားတစ်ယောက်ထားဖူးတယ် တဲ့ အဲဒီရည်းစားကို သူအိမ်မှာ ညပေးအိပ်တဲ့နေက ကောင်လေးရဲ့ရည်းစား သေသွားတယ် လူသတ်တရားခံ မပေါ်ဘူး အခုထိ အဲ့ဒီနောက်ပိုင်း ခဏခဏ ဖျားနာတော့တာပဲ ငါဆေးကုတဲ့ တစ်နှစ်လုံးလဲ အရယ်အပြုံး လုံးဝမရှီဘူး "

ရမ္မက်တစ္ဆေWhere stories live. Discover now