ရမ္မက်တစ္ဆေအပိုင်း ၆
ဘုန်းကြီးကျောင်းထဲဝင်တာနဲ့ ဗုဒ္ဓေါ ရုပ်ပွားတော် ရှေ့ မှာတရားထိုင်နေတဲ့ ဦးလေး ကိုတွေ့သည် ဦးလေး နောက်မှာ ဝင်ထိုင်လိုက်သည် တရားထိုင်နေရာကနေ ဦးလေး ကျွန်တော်တို့ဘက်လှည့်ပြီး
"နေကလေးနဲ့ လမင်း ပါ့လား အတူတူ တွ့ဲတွေ့ရမယ်လိုမထင်ထားဘူး
"ဦးလေး ကျွန်တော် Xiao Zhan လေ မမှတ်မိတော့ဘူးလား ငယ်ငယ်တုန်းက အမေနဲ့လာဖူးတယ်လေ "
"မှတ်မိပါတယ်တူလေး.. မကြောက်ပါနဲ့ကလေးလေး ရှေ့တိုးလာခဲ့ပါ "
Yiboကိုရှေ့တိုးခိုင်းလိုက်တာကြောင့် yibo ရှေ့တိုးထိုင်လိုက်သည်
"သနားစရာကလေးငယ်လေး အရမ်းကြောက်ရွံ တိတ်လန့်နေရပြီ အဲ့ဒါ အရင်ဘဝတုန်းက ကလေးလေးရဲ့ လမင်းက ကလေးလေးကို အရမ်းချစ်လို့ မလုပ်သင့်မလုပ်အပ်စွာ ရန်သူကိုခေါင်းဖြတ်ပြီး ဘောလုံးကန်သလိုကန်လိုက်တာကြောင့် အစိမ်းသေမကောင်းဆိုးဝါးက သေသွားရတယ် "
Yibo မျက်ရည်ဝဲတက်လာပြီး
"ကျွန်တော်အကြောင်းကိုသိတာလား ကျွန်တော်ခံစားနေရတာကို သိတာလား "
ပြောရင်းမျက်ရည်တွေ ဖြိုင်ဖြိုင် ကျလာတဲ့ကလေးလေးကို ကျွန်တော်ရင်ခွဲထဲမှာဖတ်ထားလိုက်မိသည် ငိုကြွေးနေတဲ့အသံကျယ်လာပြီး ခံစားနေရတဲ့ ကလေးငယ်လေးကျောကို ပွတ်ပေးလိုက်သည် ဦးလေး က ဘုရားစင်က ရေကိုယူုပြီး ဖန်ခွက် ထဲထည့်တိုက်လိုက်သည်
"သောက်ပါ ကလေးငယ် ဒါ ပရိတ်ရေပါ သောက်လိုက်ပါ "
Yibo ငိုသံပါလေးနဲ့
".ဟုတ်ကဲ့ "
"ကလေးအရမ်းပင်ပန်းနေပြီ တူလေး အခုအိမ်ပြန်ပြီးနားခိုင်းပါ "
"ကျွန်တော် .. . သိချင်တာရှီ... "
"ဘာသိချင်တာလဲ ဦးလေး သိပါတယ် ကလေးငယ်လေးကျန်းမာရေးကောင်းတဲ့နေ ဦးလေး မင်းတို့မသိချင်လည်း ပြောမှာပါ အရင်ဆုံးကလေးကို ကားပေါ်အရင်ပို့လိုက်ပါ "
ဦးလေးစကားကို Xiao Zhan သဘောပေါက်နားလည်သွားပြီ
" ဟုတ်ကဲ့ "
![](https://img.wattpad.com/cover/199191644-288-k748072.jpg)