ရမ္မက်တစ္ဆေအပိုင်း ၄
ညနေထမင်းစားပြီး ကျွန်တော်နဲ့ Yu Bin နာရီသာ ခဏခဏ ကြည့်နေမိသည်
" Xiao Zhan! ငါစိတ်တွေ ထူးဆန်းစွာလေးနေတယ် "
"ငါတော့ သိချင်တယ် မနက်က အိပ်ရာပေါ်လှဲနေတဲ့ သူမျက်နှာလေးကို မျက်လုံးကမထွက်ဘူး ငါ ကူညီချင်တယ် သိချင်တယ် သနားလည်းအရမ်း သနားမိတယ် ''
"ခဏလေးမြင်တဲ့မင်းတောင် အဲ့လိုဖြစ်နေရင် ငါစိတ်တွေ ဘယ်လောက်လှုပ်ရှားပြီး သိချင်နေလဲ မင်းသဘောပေါက်မှာပါ Xiao Zhan "
Xiao Zhan နာရီကြည့်လိုက်သည်
"11ထိုးတော့မယ် သွားရအောင် Yu bin "
ကောင်လေးအိမ်ရောက်တော့ Day က အဆင့်သင့်စောင့်နေပြီး ကောင်လေး အခန်းကို ခေါ်သွားသည် ကောင်လေးအခန်းက မှန်တွေနဲ့ ပဲ လုပ်ထားတာပါ လိုက်ကာဖယ်လိုက်ရင် ကုတင်ပေါ်ကလှဲနေတဲ့ ကောင်လေးကို အခန်းအပြင်ဘက်ကနေ ကောင်းစွာမြင်ရသည်
San ဆိုတဲ့ ကောင်လေးက
"ဒေါက်တာတို့ မြင်ရအောင် လိုက်ကာဖယ်ထားတာပါ ကြိုပြောချင်တာက အခန်းထဲမှာ ဘာဖြစ်ဖြစ် အပြင်ကနေပဲ ကြည့်နေပါ အခန်းထဲမဝင်ပါနဲ့ "
အိပ်နေတဲ့ကောင်လေးကို အခန်းအပြင်ကနေစောင့်ကြည့်နေစဉ် ပြတင်းပေါက်လိုက်ကာ လေအရမ်းတိုးလာပြီး ကောင်လေး ကုတင်ပေါ်မှာလှုပ်လှုပ်ရှားရှားဖြစ်လာသည်
"ဘာဖြစ်တာလဲ "
Xiao Zhan ကျောရိုးထဲကနေ စိမ့်လာလို့ မေးလိုက်သည်
"ဆက်ကြည့်နေပါ "
ကြည့်နေရင်း ကောင်လေး ခန္ဓာကိုယ် မြှောက်တက်သွားပြီး
ကောင်လေးဘာင်းဘီလည်း ကျွတ်သွားသည်" ဟင်???"
" ဟာ??? "
ကျွန်တော့်နဲ့Yu bin ပါးစပ်အဟောင်းသား ဖြစ်သွားသည်
''အင်း. . .ဟင်း မလုပ်နဲ့ အား အ့ အား ''
နာကျင်ပြီး လူးလွန့်နေတဲ့ကောင်လေးကို ကြည့်ပြီး ကျွန်တော်ရော Yu bin ပါ မျက်ရည်ဝဲလာသည်
![](https://img.wattpad.com/cover/199191644-288-k748072.jpg)