Part 5

9.5K 532 21
                                    

ရမ္မက်တစ္ဆေ 

အပိုင်း ၅

မနက်မိုးလင်းတော့ ကောင်လေးအိမ်ကို ကျွန်တော်ရော့ Yu Bin ပါ ထွက်လာခဲ့လိုက်သည် ကုတင်ပေါ်မှာ ဖြူဖတ်ဖြူလျှော် နဲ့ ကောင်လေးက ကျွန်တော်ကို မမြင်ဖူးလို့ကြည့်နေသည်

"ကောင်လေး ဒါ အစ်ကိုသူငယ်ချင်း နာမည်က Xiao Zhanလို့ခေါ်တယ်  သူလည်း ဆရာဝန်တစ်ယောက်ပဲ အစ်ကို  အလုပ်ရှုပ်လိုမလာနိုင်ရင် သူလာကုပေးလိမ့်မယ်  "

Xiao Zhan ကောင်လေးကို ပြုံးပြလိုက်ပြီး

"အစ်ကို့ ကို အချိန်မရွေး အကူအညီလိုရင်ပြောနော် အခုမှ ဒီနိုင်ငံကိုရောက်တာ Yu bin က Duty တွေနဲ့ အစ်ကိုသွားချင်တာ မလိုက်ပို့ပေးသေးဘူး ကောင်လေး နေကောင်းရင် အစ်ကို ကိုလိုက်ပို့ပါလား

"ဟုတ်ကဲ့ ဒေါက်တာ "

" အစ်ကို လိုရင်းရင်းနှီးနှီးခေါ်ပါ ကောင်လေး  အခုနေရတာဘယ်လိုနေလဲ "

"နေလို့ကောင်းပါတယ် "

"အဲ့ဒါဆို အစ်ကိုနဲ့တစ်နေရာလိုက်ခဲ့ပါ့လား "

စတွေ့တွေ့ချင်း သူကိုရင်းရင်းနှီးနှီး ဖော်ရွှင်စွာ ဆက်ဆံနေတဲ့ ဒေါက်တာကို Yibo စိတ်ထဲမှာ နွေးထွေးသလို ခံစားရပြီး

"အခုလား "

"အင်း ကောင်လေး  အဆင်ပြေရင်ပေါ့ "

"ကျွန်တော်ကားတော့မမောင်းနိုင်ဘူး "

" အစ်ကိုမာင်းမှာပေါ့ ခဏနေ အစ်ကိုလာခေါ်မယ်နော် ."

ကောင်လေးခေါင်းညိတ်သည် ကျွန်တော့်နဲ့ Yu Bin အိမ်ပြန်လာခဲ့လိုက်သည်
အိမ်ရောက်တော့့ Yu Binကကျွန်တော်ကို နားမလည်စွာကြည့်ရင်း

"ချက်ခြင်းကြီး ကောင်လေးကို ဘယ်ခေါ်သွားမလိုလဲ "

"ဦးလေးက နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းမှာ တရားထိုင်နေတယ် ပြီးတော့ သူကအကြားအမြင်နည်းနည်း ရှီတယ် ကောင်လေးကိစ္စကို ဦးလေးဆီသွားပြီး အဖြေရှာရမယ် ''

"ကောင်လေးက ဗုဒ္ဓဘာသာ မဟုတ်ဘူး Xiao Zhan "

"ဘာသာနဲ့မဆိုင်ပါဘူး စိတ်တွေအေးချမ်းရာ ခိုလှုံရာက အဓီကပါ ပြီးတော့ အဲ့ဒီတစ္ဆေက ညဘက်ပဲသောင်းကျမ်းလို့ရတာလေ နေ့ဘက်သူဘယ်လိုမှ မသောင်းကျန်းနိုင်ဘူး "

"ရှေ့ဆက်တိုးဖို့ဆုံးဖြတ်လိုက်ပြီလား Xiao Zhan''

" အင်း Yu Bin!... ငါကောင်လေးဘဝကို ကယ်တင်မယ် ဘယ်လောက်ဆိုးသွမ်းတဲ့ မကောင်းဆိုးဝါးဖြစ်ဖြစ် နှိမ့်နှင်းနိုင်မယ်လို့ ငါယုံကြည့်တယ် ဗုဒ္ဓဘာသာကိုယုံကြည်တဲ့ ငါအတွက်ကတော့ မနှိမ်နင်းနိုင်ရတောင် ကောင်လေးနားမကပ်အောင် အစီအရင်တွေလုပ်ပေးရမယ် ''

"မင်းအတွက် အန္တာရယ် မများဘူးလား ''

"များပါစေ ငါဆုံးဖြတ်လိုက်ပြီ ကောင်လေးကို အစွမ်းကုန်တာစီး ကာကွယ်ပေးမယ်လို့ "

"ငါလည်း မင်းနဲ့အတူပါဝင်မှာပါ  "

"အခုတော့ ငါသွားလိုက်အုန်းမယ် Yu bin"

အဆင့်သင့်စောင့်နေတော့ကောင်လေးက အဖြူရောင်အင်္ကျီ ဝတ်ထားတာကြောင့် ပိုကြည့်လိုကောင်းနေသည် ကားပေါ်တက်ထိုင်လိုက်တဲ့ ကောင်လေးနားတိုးပြီး ခါးပတ်ပတ်ပေးလိုက်သည် ထူးခြားတဲ့ရနံကို ရလိုက်တော့ကြောင့်

"မွှေးလိုက်တာ ကလေး "

"ကျွန်တော်ကို ဘာလို ကလေးလိုခေါ်တာလဲ "

"ကလေးအသက်က ဘယ်လောက်လဲ အလွန်ဆုံးရှီိ ၂၀ ပဲရှီသေးတယ်မဟုတ်လား အစ်ကိုက အသက်သုံးဆယ်ပြည့်တော့မယ် အဲ့တော့ကလေးပေါ့  "

Yiboခေါင်းလေးညိတ်ပြီး နားထောင်နေရင်ကနေ

"ဘယ်သွားမှာလဲ အစ်ကို "

"ရောက်တော့ သိမှာပေါ့ "

ကျွန်တော် မြို့အစွန်က နှဂါးနှစ်ကောင် ဘုန်းကြီးကျောင်းကို ကောင်လေးကိုခေါ်သွားတော့ ကောင်လေးက ကားပေါ်ကမဆင်းသေးပဲနဲ့

"ကျွန်တော် ဘုန်းကြီးကျောင်းကို ဝင်ရင် အပြစ်ဖြစ်မှာပေါ့  "

"ဘာသာမတူလည်း ဝင်လိုရပါတယ် အခုဘာသာနဲ့မဆိုင်ဘူး စိတ်အေးချမ်းရာတရားထိုင်နေရာမှာ စိတ်တွေလွတ်လပ်ဖို့အဓီကပဲ   "

"ကျွန်တော်ဗုဒ္ဓဘာသာမဟုတ်တာ အစ်ကို  သိနေတယ်ပေါ့ "

"သိတယ် ကလေး လာသွားမယ် ဆင်း "

Next Trailer

ဦးကာလူ . . . .

"နေကလေးနဲ့ လမင်း ပါ့လား အတူတူ တွဲ့တွေ့ရမယ်လိုမထင်ထားဘူး "

ရမ္မက်တစ္ဆေWhere stories live. Discover now