အချိန်အားဖြင့် မနက် ၆နာရီ။ အခုထိ တစ်ယောက်မှ မအိပ်ရသေး။ လန်ကျန့် အစ်ကို ဖြစ်သူရဲ့ လက်ကို ကိုင်ပြီး မြန်မြန်သတိရလာပါစေ ဆိုပြီး ဆုတောင်းနေသည်။ ကျန်းချန် နဲ့ ဝေ့၀ူရှန့် က ထိုင်ခုံမှာ ထိုင်နေကြသည်။ လန်ကျန့် က ကျန်းချန် ကို သူ့အစ်ကိုနား မကပ်ရန် ပြောထား၍ ကျန်းချန် ထိုင်ခုံကနေဘဲ ရှီးချန် ကို ကြည့်နေလိုက်သည်။ ဝေ့၀ူရှန့် ကတော့ ကျန်းချန် ပခုံးကို ဖက်ပြီး
ဝေ့ - ရှီးချန်ကော မကြာခင် သတိရလာမှာပါ။ စိတ်မပူပါနဲ့။
ကျန်းချန် - ကော တာ တစ်ခုခု ဖြစ်ရင် ငါလည်း အသက်ရှင်နိုင်မယ် မထင်ဘူး။ ငါသာ ငါသာ ကော ကို အဲ့စကားတွေ မပြောခဲ့ရင် ကော အခုလို ဖြစ်မှာ မဟုတ်ဘူး။ ကော ငါ့အနားက ထွက်သွားခဲ့ရင် ငါ လည်း ကော နောက်လိုက်သွားမယ်။
ဝေ့ - ရူးနေလား ကျန်းချန်။ မင်းပါ မရှိတော့ရင် မင်း သားလေးကို ဘယ်လို လုပ်မှာလဲ။
လန်ကျန့် - သား အဟက် ကျန်းဝမ်ရင် မင်းက မိန်းမတင်မကဘူး ကလေး ပါ ရှိနေတာလား။ မင်း ထွက်သွားတာ ကောင်းမယ်ထင်တယ်။
ဝေ့ - လန်ကျန့်!!
ကျန်းချန် ဝေ့၀ူရှန့် လက်ကို ဆွဲလိုက်ပြီး
ကျန်းချန် - ငါကို ကော အနားမှာ နေခွင့်ပြုပါ။
လန်ကျန့် - မလိုဘူး ကိုကို့ အနားမှာ သူ့ညီ ငါတစ်ယောက်လုံး ရှိတယ်။
ကျန်းချန် - ငါ ကော သတိရလာရင် ထွက်သွားပေးပါမယ်။ ကော အနားမှာ နေခွင့်ပေးပါနော်။
ဝေ့ - လန်ကျန့် ငါလည်း တောင်းပန်ပါတယ်။ ကျန်းချန် ကို ကော အနားမှာ နေခွင့်ပေးလိုက်ပါနော်။
လန်ကျန့် - ခွင့်မပြုဘူး။
ဝေ့၀ူရှန့် အခက်တွေ့သွားသည်။ ကြံမရတဲ့ အဆုံး
ဝေ့ - လန်ကျန့် မင်း ဘာမှမစားရသေးဘူးမလား။ လာမနက်စာ သွားစားရအောင်။
VOCÊ ESTÁ LENDO
တန်ပြန်သက်ရောက်သော အချစ်{Completed} (Zawgyi Version & Unicode VERSION)
FanficSecond MDZS FanFic Mail Role - LXC & JC ရှီးချန် × ကျန်းချန်