လန်အိမ်တော် ရဲ့ မနက်ခင်းသည် ကလေး ၃ ယောက်နှင့် ဆူညံပွက်လောရိုက်လျက်ရှိသည်။ဧည့်ခန်းထဲတွင် လန်ချီရန်၊ လန်ရှီးချန်၊ လန်ဝမ့်ကျီး တို့က ထိုင်ပြီး အလုပ်ကိစ္စပြောနေကြသည်။
လန်ဝမ် - စစ်ကျွေး နဲ့ ကျင်းရီ ဟာဝိုင်ရီ မှာ ပျော်ခဲ့လား။
ကျင်းရီ - ပျော်ခဲ့တာပေါ့ ကိုကို ရဲ့။ ကျွန်တော် တောင် သူတို့ ကတဲ့ အကကတတ်သေးတယ်။
ထိုစကားကို လန်ချီရန် ကြားတော့
ချီရန် - ဟုတ်လား ဖိုးဖိုး ကို ကပြပါအုံး။
ကျင်းရီ - မရယ်နဲ့ နော် ဖိုးဖိုး
ချီရန် - မရယ်ပါဘူး။
ကျင်းရီ သူ့အဖိုးဆီက ကတိရတော့မှ ဟာဝိုင်ရီ က အကမယ်လေးတွေ ကသလို ဖင်လေးကော့ ပြီး အသားတွေ ဆက်ဆက်ခါအောင် ကပြလိုက်သည်။
{A/N ဟာဝိုင်ရီက အကလေးတွေ ကြည့်ဖူးကြတယ်မလား။ ခန္ဓာကိုယ်ကို ဆက်ဆက်ခါနေအောင် ကကြတာလေး။}လန်ချီရန် ကျင်းရီကို ကြည့်ပြီး သဘောတွေ အရမ်းကြနေသည်။ ကျင်းရီ နဲ့ စစ်ကျွေး က မွေးစားသားဆိုပေမယ့် လန်ချီရန် ချစ်မ၀ဖြစ်နေသည်။ လန်ချီရန် တင်မဟုတ် ဝေ့အိမ်တော်က လူတွေကလည်း ချစ်မ၀ကြ။ အကြီးဖြစ်သူ စစ်ကျွေးလေးက တည်ငြိမ်သလောက် ကျင်းရီကတော့ စပ်စလူးနတ်ပူးအတိုင်းဘဲ။
စစ်ကျွေး - ဖိုးဖိုး သား ဖိုးဖိုးပုံဆွဲထားတယ်။
စစ်ကျွေးလေးက စာရွက်လေးကိုင်ပြီး လန်ချီရန် ဆီ အပြေးလာခဲ့သည်။
လန်ကျန့် - စစ်ကျွေး ဖြေးဖြေး ချော်လဲမယ်။
စစ် - ဟုတ် ပါး
စစ်ကျွေး အဖိုးဖြစ်သူကို ဆွဲထားတဲ့ ပုံလေး ကမ်းပေးလိုက်ပြီး လန်ကျန့် ပေါင်ပေါ်မှာ တတ်ထိုင်လိုက်သည်။ လန်ချီရန် စစ်ကျွေး ပေးတဲ့ စာရွက်လေးကို ကြည့်လိုက်ပြီး
YOU ARE READING
တန်ပြန်သက်ရောက်သော အချစ်{Completed} (Zawgyi Version & Unicode VERSION)
FanfictionSecond MDZS FanFic Mail Role - LXC & JC ရှီးချန် × ကျန်းချန်