🍇1🍇 Unicode Version

2.6K 53 17
                                    

ကျန်းချန်  - ဝေ့ဝူရှန့် စာအုပ်ပြန်ပေး

ကျန်းချန် မိမိအိတ်ထဲက ဒိုင်ယာရီ စာအုပ် ပျောက်သွားတဲ့ အတွက် လိုက်ရှာတော့ အစ်ကိုဝမ်းကွဲဖြစ်သူ ဝေ့ဝူရှန့်  ရဲ့ လက်ထဲမှာ​တွေ့လိုက်ရတော့ ပြန်တောင်းလိုက်သည်။

ဝေ့ - မပေးတာ ၁၂ ခါ။ လန်ကျန့်  ရော့

ဝေ့ရင်း က ကျန်းချန် ရဲ့ ဒိုင်ယာရီ စာအုပ်ကို​တွေ့ပြီး ဖတ်နေတုန်း ကန်းချန် ရောက်လာပြီး စာအုပ်ကို ပြန်ဆွဲလုချင်း။ ဝေ့ဝူရှန့် က မပေးတဲ့ အပြင် သူ့အချစ်တော် လန်ကျန့်ဆီကို ပစ်ပေးလိုက်သည်။ စာအုပ်က လန်ကျန့်ဆီ ရောက်သွားတော့ ကျန်းချန် သွားမလုရဲ။ ဟိုက ရေခဲတုံးလေ သူ့ချစ်ချစ် စပ်စလူး နတ်ပူး ဝေ့ရင်းကလွှဲ လူမထင်တဲ့ အမျိုး။

ကျန်းချန် - မင်းတို့ ဖတ်ချင်လည်း ဖတ်ကြပေါ့။ ဒါနဲ့ ညနေ ဟော့ပေါ့ သွားစားရအောင်။

ဝေ့ - ကောင်းတယ် ကောင်းတယ်။ လန်ကျန့် လိုက်မယ်မလား။

လန်ကျန့် - မလိုက်တော့ဘူး။ ဒီနေ့ ကိုကိုပြန်လာမှာ မို့ ဦးဦး က Duty Offတာနဲ့ ပြန်လာခဲ့ ခိုင်းထားတယ်။

ကျန်းချန် - ရှီးချန်ကော ပြန်လာတာလား။

လန်ကျန့် - အင်း

ဝေ့ - ရှီးချန်ကော က အရင်ကထက် ပိုချောလာမယ်ထင်တယ်။ ကောင်မလေး​တွေဘာ​တွေများ ရှိနေအုံးမလားမသိဘူး။

ဝေ့ဝူရှန့် ရဲ့ အပြောကြောင့် ကျန်းချန ရင်ပူသွားရပြန်သည်။ ရှီးချန်ကော နဲ့ ၀မ့်ကျီး က ညီအစ်ကိုရင်းဖြစ်ကြပြီး  ဝေ့ဝူရှန့်  နဲ့ သူက ညီအစ်ကိုဝမ်းကွဲ တော်ကြသည်။ တစ်နေ့ ကျန်းချန်  တို့ အိမ်ဘေးနားကို လူသစ်တွေပြောင်းလာကြသည်။ စပ်စပ်စုစု ရှိတဲ့ ဝေ့ရင်းကြောင့် ရှီးချန်ကော တို့ နဲ့ ခင်မင်ခွင့်ရခဲ့သည်။ ထိုအချိန်က ကျွန်တော်တို့က အသက် ၁၀ နှစ် ရှီးချန်ကော က ၁၅ နှစ်။ အငယ်တွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ သုံးယောက်က ကစားဖော် ကစားဖက်တွေဖြစ်ကြပြီး ရှီးချန်ကော က ကွန်တော်တို့ သုံးသေးယာက်ကို ညပိုင်း စာသင်ပေးတဲ့ ဆရာဖြစ်လာသည်။ ကျွန်တော် အသက် ၁၃ နှစ်မှာ ရှီးချန်ကောကို တိတ်တခိုး စွဲလမ်းခဲ့သည်။ ဒီအကြောင်းကို ဝေ့ဝူရှန့် နဲ့ လန်၀မ့်ကျီး  တို့ မသိကြ။

တန်​ပြန်​သက်​​​ရောက်​​သော အချစ်​{Completed} (Zawgyi Version & Unicode VERSION)Where stories live. Discover now