Chapter - 322 ( ရေငရဲမာယာသားရဲ၊ ရငေရဲမာယာသားရဲ )

14.2K 1.9K 53
                                    

[Zawgyi]

ရှယ်ချိုသည် သူဘာကိုတွေးနေသည်မှန်း တစ်ဖက်လူခန့်မှန်းမိမည်စိုး၍ မည်သည့်အမူအရာမှဖော်မပြရဲပေ။

အကယ်၍သာ သူ့အားတစ်ဖက်လူသတိထားမိသည်ရှိသော် သခင်၏အစီအစဉ်ကို ဖျက်ဆီးမိသလိုဖြစ်နေမည်စိုးသောကြောင့်ပင်။ သူယခုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အကြီးအကဲလင်းရှောင်ပြန်လာမည့်အချိန်ကို ထိုင်စောင့်ရုံသာ။ နာရီဝက်ဟူသောအချိန်သည် အကြီးအကဲလင်းရှောင်ပြန်လာရန် သေချာလုံလောက်သော အချိန်ဖြစ်သည်ဟု သူယုံကြည်သည်မို့ !

ရှယ်ချိုသည် အကြီးအကဲလင်းရှောင် အဘယ်ကြောင့် ပြန်လာရန်အချိန်ယူနေကြောင်း အတန်အသင့်ခန့်မှန်းမိလေသည်။

အကြီးအကဲလင်းရှောင်သည် သူ၏သရုပ်မှန်အားသခင်လေးသိအောင် ဖော်တော့မတတ်လုပ်သွားသော မာနဝင့်လွှားငှက်ကို သင်ခန်းစာပေးနေပုံပေါ်သည်။ ရှယ်ချိုသည် ယူရှောင်မိုကို စိုက်ကြည့်ကာ ထိုသို့တွေးတောနေမိသည်။

အချိန်သည် တစ်ရွေ့ရွေ့နှင့် စီးဆင်းနေလေသည်။
ယူရှောင်မိုသည် သူအပေါ်ကျရောက်နေသည့် အနှီလူ၏အကြည့်ကိုခံစားမိ၍ မည့်သည့်စိုးရိမ်မှုကိုမှ ဖော်မပြရဲပေ။

နာရီဝက်ဟူသောအချိန်သည် ပြောရလျှင်အတော်ကြာပေသည်။ လင်းရှောင်ပြန်ရောက်လောက်သည့်အချိန်မှာ ဆယ်မိနစ်လောက်သာကြာလိမ့်မည်ဟု သူထင်မိသောကြောင့်။ သို့သော်လည်းယူရှောင်မိုသည် တစ်ဖက်လူသူ့အပေါ်သံသယဝင်လာမည်စိုးသောကြောင့် အချိန်ကိုမချုံ့ရဲပေ။ သူသည် လင်းရှောင်နှင့်သူမှာ ရန်သူတွေဖြစ်ကြောင်းပြောဆိုပြခဲ့သည်မို့ သူ့အနေနဲ့လင်းရှောင်ပြန်ရောက်လာမည့်အချိန်ကို အတိအကျမသိမှသာ ဖြစ်နိုင်သည်ဟုတွေးထင်မိသောကြောင့် အချိန်ကိုတိုးပြောခဲ့ခြင်းပင်ဖြစ်သည်။

သုံးမိနစ်ကြာသွားပြီးနောက် အနက်ရောင်ဝတ်လူသည် ရုတ်တရတ်မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။
ယူရှောင်မို၏တစ်ကိုယ်လုံး အနည်းငယ်တုန်ယင်သွားတော့သည်။

ထိုလူသည် ယူရှောင်မို၏အနှီအမူအရာကို ချက်ချင်းပင်သတိထားမိသွားပြီး မျက်မှောင်ကျုံ့လိုက်လေသည်။ ဖြေးဖြေးမှန်မှန်နှင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေရင်းပင် သူ၏ညိုမှောင်ပြီးစူးရှနေသောမျက်ဝန်းမှ အဓိပ္ပာယ်မဖော်နိုင်သောအရိပ်များ ထင်ဟပ်လာတော့သည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Where stories live. Discover now