Chapter - 350 ( ကံမကောင်းစွာပဲ အချိန်မကျသေးဘူး )

9.8K 1.6K 63
                                    

[Zawgyi]☁

နောက်ဆုံးမှာတော့ ယူရှောင်မိုသည် ယခုအချိန်အတွက် လင်းရှောင်ကိုသာ သူ့အားပွေ့ချီခိုင်းရပြီး ထိုစာကြောင်းအား ခရီးလမ်းတစ်လျှောက်တွင်ဆက်လေ့ကျင့်မည်ဖြစ်သည်။

သူတစ်ပါးအားသယ်ဆောင်ခိုင်းကြသည့်လူအရေအတွက်ကား အနည်းငယ်လေးမျှသာရှိသည်မို့ ယူရှောင်မို၏အနေအထားမှာ လူအများကြားထင်ရှားနေပြီး အရှေ့ဘက်မှဘိုးတော်သည်လည်း သူ့အားသဘောမတွေ့သည့်ပုံမျိုးနှင့် စိုက်ကြည့်လေ၏။
ရှစ်ဖူရေ . . ကျွန်တော် ရှစ်ဖူအရှက်ရအောင် တမင်တကာလုပ်နေတာမဟုတ်ပါဘူးဗျာ။

ကျင့်ဟွားကျွန်းနှင့်သဲတံလျှပ်ပင်လယ်ကြားမှ ခရီးလမ်းအကွာအဝေးမှာ နှစ်ရက်လောက်ကြာမြင့်မည်မို့ သူ့အနေနှင့်၎င်းအားအခွင့်ကောင်းယူပြီး လေ့ကျင့်၍ရနိုင်လေသည်။ သို့သော်လည်း အနှီဂါထာမှာ အတော်လေးခက်လွန်းနေပြီး သူလုံးဝမရင်းနှီးသည့်ဘာသာစကားတစ်မျိုးပါ ဖြစ်နေသည်ပင်။ သို့နှင့်ယူရှောင်မိုတစ်ယောက် နာရီအနည်းငယ်မျှလေ့ကျင့်ပြီးသည့်အခါမှသာ နောက်ဆုံး သူဂါထာမန္တာန်အား ပြေပြေပြစ်ပြစ်ရွတ်နိုင်ရုံလောက်အနေအထားသို့ရောက်ရှိသွားတော့သည်။ သို့သော်လည်း ရွတ်ဖတ်ရာတွင် အနည်းငယ်မျှတော့ နှေးကွေးနေသေးသည်။

တိုက်ပွဲအလယ်လောက်ရောက်ပြီဆိုလျှင် သူ့အနေနှင့်တစ်စက္ကန့်လောက်လေးမျှ နှေးကွေးသွားမည်ဆိုလျှင်တောင် သူ၏ပြိုင်ဖက်များမှ သူ့အားလုံးဝအမှီလိုက်နိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေနှင့်ဂါထာအားတစ်ခေါက်တည်းနှင့် ခပ်မြန်မြန်ရွတ်ဆိုနိုင်ရန် စိတ်ထဲမှဖြစ်စေ ပါးစပ်မှထွက်ဆို၍ဖြစ်စေ ဆက်လေ့ကျင့်နေဖို့လိုပေသည်။

" တစ်ချို့လူတွေများနော် အထုံပါရမီထူးချွန်လှပါတယ်ဆိုရင်တောင် သူများကိုသယ်ခိုင်းနေရတဲ့ အသုံးမကျတဲ့လူတွေဖြစ်နေသေးတုန်းပဲ "

လှော်ပြောင်သရော်သည့်အသံတစ်သံမှာ အရှေ့ဘက်နားမှထွက်ပေါ်လာပြီး ယင်းအသံပိုင်ရှင်ကား ချိုင်ကျန်းသာဖြစ်သည်။ သူ၏မျက်နှာပေါ်မှ လှောင်ပြုံးကား ယူရှောင်မို့ထံ သူလှည့်ကြည့်လိုက်သည့်အခါဝယ် နဂိုထက်ပင်ထင်ရှားပေါ်လွင်သွားလေ၏။ သူ၏ဘေးနားတွင်လည်း ထောင်မုန့်ချန်ရှိနေပြီး ထောင်မုန့်ချန်မှစကားတစ်ခွန်းမဆိုသည့်တိုင် ယူရှောင်မိုအားလှမ်းကြည့်နေသော သူ၏မျက်လုံးများမှာ မတူမတန်သလိုအကြည့်များဖြင့် ထင်ဟပ်လျက်ရှိနေသည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Where stories live. Discover now