Chapter - 342 ( ရင်းနှီးနေသောလူ ၊ ရင်းနှီးနေသောလူ )

10.6K 1.5K 95
                                    

[Zawgyi]💰

နှစ်ဦးသားမှာ ရွှမ်ကျီအဆောက်အအုံသို့ တစ်နှစ်ကြာမှ တစ်ဖန်ပြန်ရောက်ခဲ့ပေသည်။

လူအများစုမှာ အုတ်အော်သောင်းတင်းဖြစ်ရပ်ကြောင့် ကမ်းမဲ့ပင်လယ်ဆီသို့ တစ်ဟုန်ထိုးချီတက်နေကြကုန်၏။ ကမ်းမဲ့ပင်လယ်ကား အလွန်အမင်းကျယ်ပြောလှသည့်အတွက် ကမ်းမဲ့ပင်လယ်၏မြေပုံရောင်းဈေးမှာ တန်ဖိုးအမြင့်ဆုံးဖြစ်လေသည်။

ရွှမ်ကျီအဆောက်အအုံမှမြေပုံသည် ယန်မြို့၏ အတိကျဆုံးနှင့် အပြည့်စုံဆုံးမြေပုံဖြစ်သည်မို့ သူတို့အနေနှင့် စွမ်းအင်အနှစ်ရှိနေသည့်နေရာအကြောင်း ရှာဖွေသိရှိနိုင်သော်လည်း ဈေးနှုန်းမှာအင်မတန်ကြီးမားလွန်းသည်ပင်။

ရွှမ်ကျီအဆောက်အအုံကြီးမှာကား ဈေးကဲ့သို့ပင် လူအများဟောင်ဖွာဟောင်ဖွာစကားပြောဆိုနေသည့်အသံများနှင့် ပြည့်နှက်နေလေ၏။

လင်းရှောင်နှင့်ယူရှောင်မိုလည်း အဆောက်အအုံတွင်းသို့ တိုးဝှေ့ဝင်ပြီးသည့်အချိန်မှာသာ ခန်းမထဲမှပိတ်ကားကြီးအား မြင်နိုင်ကြတော့သည်။ ယင်းပိတ်ကားပေါ်တွင် သတင်းပေါင်းစုံကို အချက်အလက်စုံလင်စွာဖော်ပြထားလေ၏။ ပိတ်ကားပေါ်တွင် အများဆုံးဖော်ပြထားသောသတင်းမှာကား ယခုတလောရေပန်းစားနေသည့်ကမ်းမဲ့ပင်လယ်မှအကြောင်းအရာသာဖြစ်ပေသည်။

ယူရှောင်မိုသည် သတင်းများအား သေချာအာရုံစူးစိုက်ပြီး ဖတ်ရှုလေ၏။ ဤတွင်ဖော်ပြထားသည်ကား ကမ်းမဲ့ပင်လယ်အတွက် မြေပုံအမျိုးအစားငါးမျိုးရှိပြီး ဈေးနှုန်းများမှာလည်း အမျိုးအစားအလ်ုက်ကွဲပြားသည်ဟူ၍ပင်။

ပထမအမျိုးအစားမှာ အလွန်တရာဈေးကြီးလွန်းပြီး သလင်းစငါးသောင်းကျသင့်လေ၏။ ဈေးနှုန်းမှာ တရားလွန်လောက်အောင်ဈေးကြီးသည့်အပြင် မြေပုံသည်လည်း ကောင်းကောင်းနားလည်လွယ်သည့်မြေပုံမျိုးမဟုတ်ပေ။ အနှီမြေပုံတွင် ကမ်းမဲ့ပင်လယ်၏ ဧရိယာခုနစ်ဆယ်ရာခိုင်နှုန်းကိုသာ ရေးသားဖော်ပြထားခြင်းဖြစ်ပြီး ကျန်သည့်သုံးဆယ်ရာခိုင်နှုန်းအတွက်မူ ရွှမ်ကျီအဆောက်အအုံတောင်မှ ပြည့်စုံအောင်မလုပ်နိုင်သေးပေ။

尹琊's 传说之主的夫人{The Legendary Master's Wife}Where stories live. Discover now