"""""""""""""အထက်တန်းကျောင်းဝတ်စုံလေးတွေ
ကိုယ်စီဝတ်ထားသော
ချစ်စရာကောင်လေးနှစ်ယောက်အလယ်တန်းကနေ အထက်တန်းထိ
အတူကြီးပြင်းလာခဲ့ကြသော
ကောင်လေးနှစ်ယောက်ကြားမှာဒီနေ့တော့ဖြင့်
ပုံမှန်ထက်အေးစက်သော
အပြုမှု ကိုယ်စီခါတိုင်းပြောစရာမကုန်ဖြစ်နေတတ်သော
ကောင်လေးမှာ
ပြောစရာစကားမရှိဖြစ်နေသလိုပိုင်စိုးပိုင်နင်း ဆွဲကိုင်ခြယ်လှယ်နေတတ်သော
ကောင်လေးမှာလည်း
သူ့လက်သူဆုပ်ထားလျက်ဖြင့်"လမ်းခွဲရအောင်"
"ငါတို့ လမ်းခွဲရအောင်"
ပြိုင်တူဆိုသလို ထွက်လာတဲ့စကား
မသက်ဆိုင်ရာ အရပ်မျက်နှာ တစ်ခုဆီ
အကြည့်တို့လွှဲလိုက်ကြတယ်ပန်းခြံငယ်လေးက လူသူသိပ်မရှိ
ခြောက်ကပ်သည် ပူလောင်သည်
ထို့နောက်တွင်တော့....."မင်းပြန်တော့လေ နောက်မှတွေ့မယ်"
"အင်း.....နောက်မှတွေ့ကြမယ်"
ထထွက်သွားသောကောင်လေးကို
ကျန်နေရစ်ခဲ့သော ကောင်လေးက
မမြင်ရသလို လိုက်ကြည့်ပြီး
ကျန်ရစ်ခဲ့သည်!! နောက်မှ တွေ့ကြမယ် Kit....
နောက်နှစ်တွေအများကြီးကြာပြီး
တဲ့အခါပေါ့!!""""""""""""""
ထို့နောက်တွင်တော့
အလယ်တန်းမှအထက်တန်းအထိ
အတူသွား အတူစား အတူပျော်ရွင်ခဲ့ကြဖူး
သော ကောင်လေးနှစ်ယောက်သည်
ထိုအထက်တန်းကျောင်းလေးမှ
တစ်ရက်ထဲ အတူပျောက်ကွယ်သွားခဲ့
ကြသည် ကိုတော့
ထိုကောင်လေးနှစ်ယောက် မသိခဲ့ကြတော့...."""""""""""""""""""""
တစ်လတစ်ခါပြန်လာလေ့ရှိသော
Sofia ကို တစ်လနှစ်ခါ
လေယာဉ်ကွင်းကို လာကြိုရ လိုက်ပို့ရ
လုပ်ရလေ့ရှိတယ်Sofia က Singapore မှာ ကျောင်းတက်
တယ် ကျွန်တော်နဲ့သူ့မိသားစုနဲ့တွေ့ဖို့
တစ်လတစ်ခါသူပုံမှန်ပြန်လာလေ့
ရှိတယ်ကျောင်းစာတွေအရမ်းကျပ်နေပြီ
ဆိုရင်တော့ သူ(မ) ပြန်မလာဘူး
ခုလည်း သူ့ကိုလာလိုက်ပို့ရသည်
သူ(မ)စီးရသည့်လေယာဉ်ထွက်သွား
ပြီးသည့်တိုင် အိမ်မပြန်ချင်သေးတာက
ကျွန်တော့ရဲ့ အပျင်းကပ်မှုပေါ့
YOU ARE READING
you & me
Fanfictionအပြစ်ကင်းသော ချစ်ခြင်းဟူသည် မရှိ နာကျင်မှုကင်းသော အလွမ်းဟူသည်လည်း မရှိ ထို့ကြောင့် ငါသည်သာ အပြစ်ပေါင်းများစွာ နာကျင်မှုပေါင်းများစွာတို့ဖြင့် ............... ချစ်လျက် နာကျင်လျက် ရှိပေ၏