""""""""""""""""မင်း ဘယ်ကိုသွားချင်လဲ Kit...''
ခရီးသွားလမ်းညွန် ဝက်ဘ်ဆိုက်တွေ
ဝင်ကြည့်ပြီး တစ်မျိုးပြီးတစ်မျိုးလာပြ
နေတာ မနက်ထဲက"ဘယ်မှမသွားဘူး ဒီလောက်အေးနေတာ
ဘယ်ကိုခရီးသွားနေရဦးမှာလဲ...''အပူပေးစက်ပျက်နေလို့ စောင်ထဲက
မထွက်ချင်ပါဘူးဆိုမှ....
လာပြသမျှက နှင်းဖွေးဖွေးတွေ
တနံတလျား မြင်နေရတဲ့ပုံတွေချည်း.."အာ.....ဘာလဲကွာ...ခရီးအတူထွက်မယ်
လို့ကတိပေးထားတယ်လေ...
ခုမှကတိပျက်မလို့လား...''စောင်အောက်ခြေထောက်ထိုးထည့်လာ
ကလေးတွေလို ခြေထောက်ကို
ပွတ်လျှောတိုက်နေသည်"အဲ့ဒါမင်းအပြစ်ပဲလေ...မင်းသာပြဿနာ
မရှာလာခဲ့ရင် ခရီးထွက်ပြီးတာ ကြာလှပြီ
မင်းပြဿနာကိုသွားရှင်းရတာပဲ
တစ်ပတ်ကြာတယ်..သွားချင်စိတ်မရှိတော့
ဘူး...''မဆိုင်တာဆိုင်တာ အပထား...လောလော
ဆယ်တော့ Sing ကိုစိတ်အနှောက်
အယှက်ပေးချင်နေတာနဲ့ပဲ.."Christmas လည်းနီးပြီလေ...ငါတို့
Christmas ပိတ်ရက်မှာ ခရီးထွက်ရ
အောင်....နော်လေ....ငါလေယာဉ်လက်မှတ်စီစဉ်လိုက်တော့မယ်...
ဘယ်သွားရမလဲဆိုတာ ငါသိပြီ...''ကြောင်ပေါက်လေးလို ရင်ခွင်ထဲ
အတင်းခေါင်းတိုးဝင်ကာ ပြောလာလေတော့...
ဘယ်သူက ငြင်းမှာတဲ့လဲ...ဒါပေမယ့်လည်း ဂရုမစိုက်သလို
Sing ရဲ့ခေါင်းကိုပြန်တွန်းထုတ်လိုက်ပြီး
တဖက်ကိုပြန်လှည့်ကာ ကြိတ်ပြုံးနေလိုက်
သည်!! Sing ချွဲလိုက်ရင် စိတ်ယားတယ်..''
"""""""""""""""""
"ဖျောက်....''
မှောင်မည်းနေတဲ့ အခန်းကြီးက
လက်ဖျောက်တီးသံတစ်ချက်နဲ့
တစ်ခန်းလုံးလင်းထိန်သွားသည်"Merry Christmas... Kit...''
ကိုးကွယ်တဲ့ဘာသာ မတူညီပေမယ့်
လည်း သူ့အတွက် အထူးတလည်
ပြင်ဆင်ပေးထားရှာတဲ့ အရူးChristmas tree ကလည်း
မီးရောင်စုံဆင်လျက်...
စားပွဲပေါ်က လက်ဆောင်ဘူးတွေ...
YOU ARE READING
you & me
Fanfictionအပြစ်ကင်းသော ချစ်ခြင်းဟူသည် မရှိ နာကျင်မှုကင်းသော အလွမ်းဟူသည်လည်း မရှိ ထို့ကြောင့် ငါသည်သာ အပြစ်ပေါင်းများစွာ နာကျင်မှုပေါင်းများစွာတို့ဖြင့် ............... ချစ်လျက် နာကျင်လျက် ရှိပေ၏