"""""""""""""""ဟဲလို...."
ခါတိုင်းလိုပဲ အားကစားပစ္စည်းတွေထားရာ အခန်းထဲ
သူတို့လူစုံတက်စုံရောက်နေကြတယ်
Gun နဲ့လေများနေတဲ့ Kit က
ဝင်လာတဲ့ဖုန်းကိုကိုင်လိုက်တော့
ဆူညံဆူညံဖြစ်နေတဲ့လူတစ်စုက
ချက်ချင်းပဲတိတ်ကျသွားတယ်" ဒါမင်းနဲ့မဆိုင်ပါဘူး...."
လေသံမာမာနဲ့ပြောလိုက်တဲ့စကားကြောင့်
Gun ကဖုန်းကိုဆွဲယူပြီး စပီကာ
ဖွင့်လိုက်တယ် Kit ကိုဒီလိုလုပ်ရဲတာက
လည်း သူပဲရှိတာကိုး"အဲ့ဒါ ငါ့ကောင်မလေးကွ ငါနဲ့မဆိုင်ဘူး
လို့ ဘာကြောင့်ပြောတာလဲ"ဒေါသထွက်နေတဲ့ အသံတစ်စက
အခန်းထဲမှာ ကျယ်လောင်လွန်းတယ်"မင်းကောင်မလေးဆိုရင်လည်း
ငါနဲ့လာမပတ်သက်ခိုင်းနဲ့လေ သူကအရင်
လာစတာ ငါကစိတ်တောင်မဝင်စားဘူး
မိန်းကလေးမို့ရှက်သွားမှာစိုးလို့
အခွင့်အရေး ပေးလိုက်တာ"မဲ့ပြုံး ပြုံးရင်းခပ်အေးအေးပြောနေတဲ့
Kit ရဲ့ပုံက တဖက်ကလူမပြောနဲ့
သူတို့တွေတောင် ထုထောင်းပစ်ချင်
လောက်အောင် အသဲယားစရာ
ကောင်းနေတာမျိုး"မင်းဘာပြောပြော ဒီကိစ္စမင်းနဲ့ငါနဲ့
ရှင်းကြမယ် ဘယ်နေရာချိန်းမလဲ""စိတ်မပါဘူး အပိုအလုပ်တွေ ဒါပဲ"
သူပြောချင်တာကိုပြောပြီး ဖုန်းကို
စက်ပါတစ်ခါတည်းပိတ်ချလိုက်တယ်"မင်းပြောတော့ လိုက်မရှင်းပေးရပါဘူး
ဆို""ခုရောမင်းလိုက်ရှင်းပေးနေရလို့လား"
"ဒီပြဿနာက ဒီလိုနဲ့ပြီးသွားမယ်ထင်လား
သူတို့လာရှာမှာပဲ""ပူမနေနဲ့ ငါ့မှာအကြံရှိပြီးသား..."
ယှက်ထားတဲ့ခြေထောက်နှစ်ချောင်းကို
တလှုပ်လှုပ်နဲ့ဆော့နေရင်း
ခပ်အေးအေးပြောတယ်
မျက်နှာက ကောက်ကျစ်တဲ့အပြုံးတစ်ခု
ဆင်မြန်းထားရင်းပေါ့!! မုန်းစရာကောင်းတဲ့ ကောင်!!
""""""""""""""""""
"မင်းတို့ကြားပြီးပြီလား...မနေ့ညက
ငါတို့ကျောင်းဘောလုံးကွင်းမှာ အုပ်စု
နှစ်စုရန်ဖြစ်ကြလို့တဲ့..."
YOU ARE READING
you & me
Fanfictionအပြစ်ကင်းသော ချစ်ခြင်းဟူသည် မရှိ နာကျင်မှုကင်းသော အလွမ်းဟူသည်လည်း မရှိ ထို့ကြောင့် ငါသည်သာ အပြစ်ပေါင်းများစွာ နာကျင်မှုပေါင်းများစွာတို့ဖြင့် ............... ချစ်လျက် နာကျင်လျက် ရှိပေ၏