Yoongi တစ်ဖက်ကကျောင်းသားမိဘများကျေနပ်အောင် တောင်းပန်ပေးပြီးတာနဲ့ မျက်နှာမှာဒဏ်ရာဗလပွဖြစ်နေတဲ့အကောင်ကို ကျောင်းဆေးခန်းထဲဆွဲခေါ်လာခဲ့တယ် မျက်နှာကဒဏ်ရာတွေကိုဆေးထည့်ပေးနေရင်း
"ဘာလို့ရန်ဖြစ်ရတာလဲ"
"သူကရန်လာစတာကို"
"သူရန်စတိုင်း မင်းကထိုးစရာလား မသိချင်ယောင်ဆောင်နေပါလား"
"မသိချင်ယောင်ဆောင်လို့မရလို့ပေါ့ ပြီးတော့ အဲ့တာဆရာ့ကြောင့် "
"ဘာလို့ငါ့ကြောင့်ဖြစ်ရမှာလဲ"
"ဆရာလိုက်မပို့လို့ဖြစ်ရတာလေ"
ဆရာနဲ့သူရဲ့ဂုဏ်သိက္ခာကိုစော်ကားတဲ့အကြောင်းကိုတော့သူမပြောချင်တော့ပါလေ ပြောလိုက်ရင်ဆရာစိတ်ညစ်ရမယ့်အပြင် ၂ယောက်လုံးမျက်နှာပူနေရမယ့်ကိစ္စမို့မပြောပဲ ရေငုံနှုတ်ပိတ်သာနေလိုက်တော့သည်
📲📲📲📲📲📲📲📲📲
"ဟဲလို"
"Yoongi နင်ရောက်နေပြီလား ဘယ်နားမှာလဲ"
"ငါကျောင်းကိုကိစ္စလေးတခုရှိလို့ သွားနေတာ အခုလာကြိုမယ် ခနပဲစောင့် မဝေးဘူး"
"အင်း အင်း ရတယ် အေးဆေးသာလာခဲ့ ငါအရှေ့က.....ကော်ဖီဆိုင်မှာစောင့်နေမယ်"
ဖုန်းချပြီးတာနဲ့ Jiminကိုစိတ်မချသလိုတချက်ကြည့်ရင်း
"ငါသွားတော့မယ် ရန်ထပ်မဖြစ်နဲ့နော် ကောင်းကောင်းနေ ညနေလာကြိုမယ် ဟုတ်ပြီလား"
"ဟုတ်"
သူ့ဆီကအဖြေကိုကြားရပြီးတာနဲ့ ခပ်သုတ်သုတ်ပြေးထွက်သွားတဲ့ဆရာ့ကို သူမျက်စောင်းလှမ်းထိုးလိုက်မိသည်
"ဟွန့်.....ဟိုကလှမ်းခေါ်တာနဲ့ နန့်နန့်တက်ပြီး သွားတယ် နှာဘူးကြီး"
ကော်ဖီဆိုင်နားရောက်ခါနီးလေ ခြေလှမ်းတွေကပိုသွက်လာလေလို့်ထင်မိတယ် ၁၀နှစ်လောက်မတွေ့ရတာကြာပြီဖြစ်တဲ့ Jiyoungဟာအရင်ထက်ပိုလှလာမယ်ဆိုတာတော့အသေအချာပါပဲ
ဆိုင်ထဲကိုဝင်လိုက်တာနဲ့ အားလုံးထဲမှာထင်းနေတဲ့Jiyoungကိုတွေ့လိုက်ရတယ် အရင်ပုံလေးကိုမပြောင်းလဲသေးဘူးပဲ ပြောင်စလဲလာတာဆိုလို့ ပိုလို့ရင့်ကျက်တဲ့အသွင်ပေါ်ပေါက်လာတာလေးပ့ရြှိတာ
YOU ARE READING
More Beautiful Than Beautiful || 윤민 [Completed]
Teen Fictionမတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ မတည့်အတူနေ ဆရာတပည့်နှစ်ယောက် နူးညံ့သောချစ်ခြင်းကိုရှာဖွေမိကြတဲ့အခါ