Eight❇❇❇❇U+Z

2.7K 386 30
                                    

Jiyoung noona ရောက်တဲ့နေ့ကတည်းကစပြီး သူတို့အိမ်လေးကသာယာခဲ့တယ် အရင်ကဆိုဆရာတပည့်၂ယောက်ရဲ့ဆူသံဆဲသံကလွဲပြီး ဘာသာယာနာပျော်ဖွယ်အသံမှမရှိခဲ့ဘူး အခုတော့ Jiyoung noona ရဲ့ချစ်စရာရယ်သံလေးတွေနဲ့ အိမ်လေးဟာစိုပြည်နေတယ် ဆရာကတော့တခါမှမမြင်ဖူးတဲ့ အပြုံးတွေကိုနေ့တိုင်းလိုလိုမြင်နေရတယ် Jiyoung noonaရီရင်သူပါလိုက်ရီတာ ပါးစပ်ကြီးနားရွက်တက်ချိတ်မလားတောင်အောက်မေ့ရတယ် ဆရာမအားတဲ့အချိန်တွေမှာ Jiyoung noonaကစာပြပေးလေ့ရှိတယ် ဆရာ့ထက်စာသင်ပိုကောင်းတယ် noonaက စာကိုစိတ်ဝင်စားအောင်ဆွဲခေါ်တယ် ရီစရာလေးတွေ ပျော်စရာလေးတွေနဲ့သင်တော့ မပျင်းရတော့ဘူးပေါ့

စာတွေလဲပိုရလာတယ် ဒါကိုဆရာကဝမ်းမသာတဲ့အပြင် မျက်နှာရှစ်ခေါက်ချိုးကြီးနဲ့ ကြည့်ကြည့်နေလို့ တမင်အရွဲ့တိုက်ပြီး noonaနဲ့ပိုရင်းနှီးအောင်နေတယ် တခါတလေညဖက် တီဗီကြည့်ကြရင် noonaရဲ့ပေါင်ကိုခေါင်းအုံးပြီး အိပ်ကြည့်တယ်
ဆရာက Jiminမင်း ကလေးမဟုတ်တော့ဘူး ထစမ်းလို့ပြောပေမယ့် Jiyoung noonaကသူ့ဆံပင်လေးတွေကိုပွတ်ပေးရင်း အမလေး Jiminလေးက ကလေးပဲရှိသေးတာပါတဟယ် ရပါတယ် ဆိုပြီး သူ့ဘက်ကကူပြောပေးလေ့ရှိတယ် အဲ့အချိန်များ ဆရာ့ကိုသွားမကြည့်လိုက်နဲ့ ဘီလူးသံပုရာသီးကိုက်ထားတာထက်ပိုဆိုးတယ်

ဒီအတောအတွင်းမှာ ကျွန်တော့ရဲ့ စာမေးပွဲဖြေထားတဲ့အမှတ်တွေလဲ ထွက်လာခဲ့တယ်တတန်းလုံးမှာ အဆင့်၆ရတာမို့   အမေကအိမ်ပြန်လာမလားဆိုပြီး လာခေါ်ပေမယ့် သူငြင်းခဲ့တယ် တကျောင်းလုံးမှာအဆင့်၁ရမှာ အိမ်ပြန်ခဲ့မယ်ဆိုပြီးတော့ပေါ့

ဆရာက လုံလောက်ပြီ ဒီလောက်ကြိုးစားရင် တက္ကသိုလ်ကောင်းကောင်းရောက်နိုင်တယ် အိမ်ပြန်တော့လို့ နှင်ပေမယ့်လဲ အမောင်Jiminလေးမပြန်ပါ ဆရာနဲ့Jiyoung noona၂ယောက်တအိမ်တည်းမှာနေမယ့်ကိစ္စကို လုံးဝလက်မခံနိုင်ပါလေ အခုလဲဆရာအပြင်သွားနေတုန်း အိမ်မှာသူနဲ့Jiyoung noona ၂ယောက်တည်းကျန်ခဲ့သည်လေ

"Noona"

"ဝေ"

"ပျင်းစရာကြီး ကျွန်တော်တို့အပြင်သွားကြမလား"

"အင်း ကောင်းသားပဲ noonaလဲရောက်ကတည်းကဘယ်မှမသွားဖြစ်သေးဘူး သွားကြတာပေါ့ ရေမျိုးချိုး အဝတ်အစားလဲလိုက်ဦးမယ်"

More Beautiful Than Beautiful || 윤민 [Completed]Where stories live. Discover now