366 32 4
""""""""""""""""အပိုင်း(၂)""""""""""""""
ကျောင်းရှေ့ရောက်တော့...ခုနကကားအနက်ရောင်ကြီးကကျောင်းရှေ့တွင်
ရပ်ထားတာကိုတွေ့လိုက်ရလေသည်
ကား​ဘေးနားသွားပြီးမတ်တပ်သွားပြီး
ကားကိုသေချာကြည့်နေတုန်း
"ဟုတ်ပါတယ်ဒါခုနကငါတွေ့လိုက်တဲ့ကားပါ"
ထိုရှေ့တံခါးမှန်အနက်ကြီးလျှောကျသွား
ပြီး....
"လူလေးမင်းအဆင်ပြေရဲ့လား"
"ဗျာ...ဟုတ်ဒါနဲ့ခုနတွေ့လိုက်တဲ့
ကောကောက"
"အော်သူဌေးလေးကိုပြောတာလားသူက
ဒီကကျောင်းအုပ်ကြီးနဲ့သွားတွေ့တယ်"
"ဘာလို့လဲ?"
"လူလေးမသိသေးဘူးထင်တယ်လာမဲ့ကျောင်းအားကစားပွဲအတွက်သူဌေးလေး
ကအားလုံးကုန်ကျခံမှာလေ....သူကဒီကျောင်းကိုထောက်ပံပေးနေတဲ့သူလေ
တခြားကျောင်းတွေကိုလဲအများကြီး
ထောက်ပံပေးသေးတာ"
"ဒါဆိုအရမ်းချမ်းသာမှာပဲနော်"
"ဟုတ်တာပေါ့သူပိုင်တဲ့Hotelတွေမှအများကြီး....ဆေးရုံတွေလဲရှိသေးတယ်"
"Wow....တကယ်လား"
"တကယ်ပေါ့ဦးကလိမ်ပါ့မလား"
"သြော်ဦးဒါခုနသားကိုပေးခဲ့တဲ့ပိုက်ဆံ"
"ယူပါသားရဲ့ဘာလို့လဲ?"
"ဟင့်အင်းသားမှဘာမှမဖြစ်တာ...ငွေတွေ
ကအများကြီးသားမယူချင်ဘူး...မားကမှာ
ထားတဲ့ငွေပေးရင်မယူရဘူးတဲ့...အဲ့ဒိအစားသားကိုခုနကောကောရဲ့နမည်လေး
ပြောပြပါလား"
"သြော်လူလေးရယ်လိမ္မာလိုက်တာ....
သူဌေးလေးနမည်ကXaio Zhanကွဲ့မှတ်ထား"
"​​ကျေးဇူးပါဦး..သားသွားတော့မယ်ကျောင်း
နောက်ကျနေပြီ"
"အေးအေး.... သွားလေ"
"တာတာ့.....ဟိကောကောနမည်ကXaio Zhanတဲ့Xaioကောကော...."
**********************
"ဟိတ်ကောင်ဝမ်ကြီးဘာတွေတွေးနေတာ
လဲငါပြောတာကြားရဲ့လား"
"ဘာပြောလိုက်တာလဲ"
"ကြည့်မင်းသေချာနားမထောင်ဘူးမှန်းစမ်း
မင်းဆီမှာဝိညာဥ်တွေဘာတွေများပူးကပ်နေသလားပဲ"
(အနီရောင်ကြိုးလေးတစ်မျှင်)(အနီရောင်ကြိုးလေးတစ်မျှင်)Where stories live. Discover now