307 26 9
""""""'""""""""အပိုင်း(၄)"""""""""""""""
"ဟေ့ကောင်ဝမ်ကြီးထတော့.....ဘယ်အချိန်ရှိနေပြီလဲ...."
"နဲနဲလောက် ထပ်ပြီး အိပ်ပါရစေ ကွာ....
ငါညကနဲနဲပင်ပန်းလာလို့"
"မင်းအဲ့အလုပ်ကထွက်လိုက်တော့ကွာ....
ဆိုင်ကယ်လေးစီးရဖို့အရေး....ပင်ပန်းလိုက်တာကွာမင်းအလုပ်က"
"အေးပါကွာ.....ငါပိုက်ဆံစုနေတာပြည့်တော့မယ်အဲ့ကျအဲ့အလုပ်ဆက်မလုပ်တော့ဘူးဟုတ်ပြီလား"
"ပြီးရော...စားပွဲပေါ်မှာငါထမင်းကြော်ထား
ခဲ့တယ်ထစားလိုက်အတန်းရှိသေးလို့ငါလစ်တော့မယ်"
"အင်း"
***********************
Black bar...
"သူဌေးကျွန်တော်အလုပ်ထွက်မလားလို့"
"ဘာလို့လဲ ဒီမှာလဲအဆင်ပြေနေတာပဲ"
"ကျွန်တော် ကကျောင်းတစ်ဖက်နဲ့ဆိုတော့
ရေရှည်အဆင်မပြေလို့....."
"ငါလဲမင်းလိုလူတော်လေးကိုမဆုံးရှုံးချင်ပေမဲ့....ဘယ်တတ်နိုင်မလဲကွာ...ဒါပေမဲ့မင်းဒီညတစ်ညတော့အလုပ်ဆင်းပေးနိုင်
မလားVIPဧည့်သည်တစ်ဖွဲ့ဘိုကင်ကြိုလုပ်ထားလို့''
"ဒီညလား....အင်းရပါတယ်ဒီတစ်ညတော့လုပ်ပေးနိုင်ပါတယ်"
"ကျေးဇူးပါ ကွာမင်းအတွက်လုပ်ခရောဘောင်ဆုပါတစ်ခါထဲပေးပါ့မယ်"
*********************
ည၉နာရီထိုးပြီဆိုတာနဲ့မီးရောင်စုံများနဲ့
တေးသီချင်းသံများနဲ့barတစ်ခုလုံးလူ
အပြည့်ဖြင့်သက်ဝင်လှုပ်ရှားလာသည်
ဘလော့ကာထဲကဝတ်နေကျယူနီဖောင်း
ကိုကိုင်ကြည့်ပြီးYiboတစ်ချက်ပြုံးလိုက်သည်....
"Yiboမင်းကိုသူဌေးခေါ်နေတယ်"
"အေးငါပြီးပြီလာခဲ့မယ်"
*******************
VIP ROOM.....
အခန်းတွင်းဝင်လိုက်သည်နှင့်စားပွဲအရှည်
ကြီးတွင်လူငါးယောက်လောက်ဝိုင်းထိုင်နေ
သည်....စားပွဲပေါ်တွင်နမည်ကြီးတံဆိပ်
အကောင်းစားဝိုင်ပုလင်းအရက်ပုလင်းများ
တစ်ပုလင်းကိုအနည်းဆုံး၁၀သိန်း...
သိန်း၂၀လောက်ရှိသည်
(အနီရောင်ကြိုးလေးတစ်မျှင်)(အနီရောင်ကြိုးလေးတစ်မျှင်)Where stories live. Discover now