251 23 0
"""""""""""""""အပိုင်း(၅)""""""""""""""
ညပိုင်းအဆောင်တွင်အိပ်နေသောကျွန်တော့ကိုထူးဆန်းစွာကြည့်နေတဲ့သူက
ကျန်းချန်...ဟွိုက်ဆန်း....
"မင်းဒီနေ့အလုပ်မသွားဘူးလားဝမ်ကြီး"
"ငါအလုပ်ထွက်လိုက်ပြီ"
"အလိုလေး...ငါနားကြားမှားသလား....
ဘယ်လိုဖြစ်ရတာလဲ"
"မင်းဘဲထွက်ဆို..ကျောင်းသားစာကပို
အရေးကြီးတယ်လိုပြောတာဘယ်သူလဲ"
"မင်းဘယ်တုန်းကငါ့စကားနားထောင်တတ်သွားတာလဲမင်းမဟုတ်တဲ့အတိုင်းပဲ"
"ငါဘာသာငါထွက်ချင်လို့ကိုထွက်တာကွာ"
"ထားပါတော့မင်းဆိုင်ကယ်ဝယ်မဲ့ကိစ္စဘယ်အခြေနေရှိလဲ"
"ဝေးပါသေးတယ်ကွာငါလိုချင်တဲ့အမျိုးစား
ကအရမ်းစျေးကြီးတယ်အဲ့လောက်ငွေအမောက်ငါ့မှာမရှိဘူး"
"ထားပါဒီညmask partyရှိတယ်...သွားကဲ
ရအောင်....အလန်းလေးတွေလဲလာမှာ"
"ငါမလိုက်လို့မရဘူးလားနေသိပ်မကောင်း
လို့"
"မရဘူးမင်းဒီတိုင်းအိပ်ချည်းနေမှပိုဖျားမှာ
အလန်းလေးတွေနဲ့တွေ့ရင်ကောင်းသွား
မှာလိုက်ခဲ့ရမယ်.."
"အေးကွာ...လိုက်မယ်"
********************
Mask Party.....
နမည်ကြီးဟိုတယ်တစ်ခုတွင်ဖြစ်သည်....
ကျန်းချန်ကအဝင်ဝတွင်စောင့်နေသူနှစ်ယောက်အားလက်မှတ်သုံးဆောင်ပြလိုက်သည်...နှင့်ဝင်ခွင့်ရသည်....
"အစ်ကိုကျန်းချန်ဒီလိုပွဲမျိုးလက်မှတ်ဘယ်လိုရလဲတော်တော်စျေးကြီးမှာပဲနော်
အစ်ကိုမိသားစုတော်တော်ချမ်းသာမှာပဲ"
"အထင်ကြီး နေပြန်ပြီး​​​ကောသူလားအဲ့လိုလက်မှတ်မျိုးဝယ်နိုင်မှာဘယ်သူပေးတာလဲပြော"
"ဟီးဟီးမင်းကလဲလူရှိန်အောင်လို့အမှန်တော့ဒီလက်မှတ်တွေကကျင်းဇီရွှယ်ပေးတာမင်းဘိုးအေကမထင်ရဘူးသူ့မိဘတွေ
ကတကယ့်ဂရိတ်တွေ.. ငါဟိုးနေ့ကသူအိမ်လိုက်လည်တာခြံဝန်းကြီးကပဲငါတို့ကျောင်းအကျယ်ဝန်းလောက်ရှိတာ.."
(အနီရောင်ကြိုးလေးတစ်မျှင်)(အနီရောင်ကြိုးလေးတစ်မျှင်)Where stories live. Discover now