226 24 0
^^^^^^^^^^^^^အပိုင်း(၈)^^^^^^^^^^^^
Unicode....
ဒီလိုနဲ့ကျွန်တော်Zhan geရဲ့အလုပ်မှာ...
လုပ်တာတစ်လပြည့်တဲ့နေ့.....အဲ့နေက
ဖြစ်ချင်တော့ကျွန်တော်...Zhan...geရဲ့ရုံး
ခန်းကိုသန့်ရှင်းရေးလုပ်ရတယ်...
အဒေါ်ကြီးတွေကတော့အောက်ထပ်မှတာဝန်ကြတယ်.....အဲ့နေ့ကကျွန်တော်
Zhan geရဲ့စားပွဲပေါ်ကရှုပ်ပွနေလို့ဆိုပြီး
သန့်ရှင်းရေးလုပ်ပေးခဲ့သေးတယ်....Zhan geကတော့အလုပ်ကိစ္စနဲ့အပြင်ခဏသွားကြောင်းsecretryမမပြောလို့သိခဲ့ရတယ်
မကြာပါဘူး.....သူပြန်လာတယ်လောလောနဲ့..စားပွဲပေါ်ကစာရွက်တွေကိုလှန်လောရှာ
နေလေရဲ့....ကျွန်တော်ရှိတာကိုသတိထားမိပုံမပေါ်....
"တောက်!...ဒီပေါ်ကစာရွက်စာတမ်းတွေ
ဘယ်ရောက်သွားလဲ..."
ထို့နောက်ကျွန်တော်ကိုသတိထားမိဟန်
ဖြင့်....
"မင်းကဒီမှာဘာလာလုပ်နေတာလဲ...!"
"သန့်ရှင်းရေးလုပ်ဖို့...တာဝန်ကြလို့ပါ"
ကျွန်တော် စကားတွေထစ်ကုန်သည်....သူ
ဒီလောက်ဒေါသထွက်နေတာတစ်ခါမှမမြင်ဘူးပါဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့
"ဒီစားပွဲကိုမင်းရှင်းလိုက်တာလား!"
"ဟုတ်တယ်....ရှုပ်နေတာနဲ့"
"မင်းကိုဘယ်သူခိုင်းလို့လဲ!''
"ကျွန်တော်ကစေတနာနဲ့"
"တောက်!မင်းစေတနာကငါ့အတွက်ဝေဒနာဖြစ်တယ်နားလည်လား..ငါစားပွဲ
ပေါ်မှာအရေးကြီးတဲ့ဖိုင်အချို့ထားခဲ့တာ
မကြာခင်အကောက်ခွန်ဌာနကိုပေးရမှာ
ခုလုံးဝရှာမတွေ့တော့ဘူး....ငါ့အတွက်မင်းကဂြိုလ်ဆိုးပဲ...ခုငါနားကနေထွက်သွားနောက်ထပ်မင်းမျက်နှာလဲမမြင်ချင်ဘူး
...အသံလဲမကြားချင်ဘူးငါမင်းကိုစိတ်ကုန်
လာပြီ"
Yibo...ဖြေရှင်းမဲ့စကားတွေတောင်ထွက်မလာတော့ကြားလိုက်ရတဲ့အစိမ်းသက်သက်
စကားတွေကကျွန်တော်နှလုံးသားကို.....
ဓားနဲ့အကြိမ်ကြိမ်ထိုးစွနေသလိုမျိုး....
မျက်ဝန်းအိမ်ထဲကမျက်ရည်တွေကိုမကျ မိအောက်ထိန်းရင်...ထိုအခန်းထဲကထွက်လာခဲ့သည်..လပ်သီးကိုကျစ်ကျစ်ပါ
အောင်စုတ်ရင်း....အံကြိတ်ထားလေသည်
ယောကျာ်းတန်မဲ့မငိုမိအောင်ပေါ့
(အနီရောင်ကြိုးလေးတစ်မျှင်)(အနီရောင်ကြိုးလေးတစ်မျှင်)Where stories live. Discover now