3

61 4 0
                                    

ကျွန်တော် ခင်ဗျားကို နင့်နင့်သီးသီးလွမ်းလာတဲ့ အခါ
ခင်ဗျားနဲ့ အတူထိုင်ဖူးတဲ့ ခုံတန်းလေးဆီသွားရမလား
အတူကြည့်ဖူးတဲ့  ရုပ်ရှင်ခုံမှာ ငေးရမလား
အတူပြောဖူးတဲ့  မက်ဆေ့အဟောင်းလေးတွေပြန်ဖတ်ရမလား
ကြာဇံဟင်းခါး စားရင်တောင် ခင်ဗျားခွံ့ ကျွေးဖူးတဲ့ ကြက်သားဖတ်လေး သတိရမိပေါ့
အတူဖူးခဲ့ တဲ့ ဘုရားတွေ
အတူပတ်ခဲ့ တဲ့  ဝင်္ကပါတွေ
လွမ်းတယ် ဆိုတာထက်ပိုတဲ့  ရင်နင့်မှုတွေ
အနားရှိချိန်ဂရုမစိုက်မိတဲ့  ကိုယ့်ကိုယ်ကိုယ် သာအပြစ်တင်မိပါရဲ့ 
မွန်းကြပ်လွန်းတဲ့ ဒဏ်ရာတွေ့
ကျွန်တော် ကို တစ်စတစ်စ နှိပ်စက်နေလေရဲ့ 
နာကျင်လွန်းတယ် ခင်ဗျားရယ့့်

လွင့်မျောခြင်း နိယာမ :::::::Where stories live. Discover now